"နေထက် ဟိုကောင်တွေရော"
"ကကြိုးဒေါ်လေးကမေမြို့ရောက်နေလို့သွားလည်တာချစ်ခြင်းမာန်လဲပါသွားတယ်"
"အော် ဒါနဲ့ ရှိုင်းကဒီနေ့ပြန်လာမှာမလား"
"အင်း သူကညနေမှပြန်လာမှာအဲ့တော့ညကျရင်ရောက်လောက်ပြီ"
"အော် ဒါနဲ့ ငါတို့အခုထမင်းစားပြီးရင်သွားလည်အုံးမှာလား"
"ဝိုင်ကသွားချင်လို့လား"
"ဒီနေ့တော့မသွားချင်သေးဘူး....ဒါပေမယ့် အိမ်မှာနေလဲပျင်းစရာကြီး...လူတွေအများကြီးရှိတဲ့နေရာလဲမသွားချင်ဘူး..စိတ်ရှုပ်တယ်"နေထက်အလှလေးကိုကြည့်လိုက်ပြီးတစ်ခုခုကိုသတိရသွားတယ်။နေထက်ပြုံးလိုက်ပြီးထမင်းစားနေတဲ့အလှလေးခေါင်းကဆံပင်တွေကိုဖွလိုက်တယ်။
အလှလေးကထမင်းစားနေရင်းနေထက်ကိုမျက်စောင်းထိုးပြီးကြည့်လာတယ်။အလှလေးမျက်စောင်းထိုးတာလေးကလှတယ်။နေထက်သဘောကျလို့အသံထွက်အောင်ရီလိုက်မိတယ်။"ဟက်....လှတယ် ကိုယ့်ဝိုင်လေးရယ်"
"မင်းနော် ထမင်းစားနေတုန်းမလို့ပေါ့...မဟုတ်ရင် မင်းသေပြီသာမှတ်...ဟွန့် "နေထက်ကိုဇွန်းတထိုးထိုးနဲ့နှခမ်းဆူကာပြောလာတဲ့အလှလေးကလှတယ်။ချစ်ဖို့လည်းကောင်းတယ်။
"ကိုယ်နေရာတစ်ခုသိထားတယ်...ဝိုင်ထမင်းစားပြီးရင်သွားကြမယ်...အခုဝိုင်ထမင်းစားနေတုန်းကိုယ်ရေအရင်ချိုးနှင့်မယ်နော်"
"အွန်း သွားချိုးနှင့်"
နေထက်လဲအလှလေးဆံပင်လေးကိုတစ်ချက်ဖွလိုက်ပြီးငုံ့နမ်းလိုက်တယ်။
"မွ....ချစ်တယ် သွားပြီ "
"ဟာ.....မင်းနော်"ဝိုင်ထမင်းစားရင်းတန်းလန်းမို့ဘာမှပြန်မလုပ်နိုင်ပဲလက်ညိုးတစ်ထိုးထိုးနဲ့အခန်းထဲဝင်သွားတဲ့ကောင်ရဲ့ကျောပြင်ကိုမျက်စောင်းထိုးပြီးကြည့်လိုက်တယ်။
"ဟွန့် အကျင့်မကောင်းတဲ့ကောင်"
ဝိုင်မကျေမနပ်နဲ့တိုးတိုးလေးပြောလိုက်ပြီးထမင်းဆက်စားနေလိုက်တယ်။
အချိန်အနည်းငယ်ကြာတော့နေထက်တို့နှစ်ယောက်လုံးပြင်ဆင်လို့ပြီးသွားတော့အပြင်သွားဖို့ကားဆီကိုလာခဲ့ကြတယ်။
أنت تقرأ
မြတ်နိုးရပါသောအလှလေး