မနက်ရောက်တော့ကမ္ဘာအိမ်အောက်ကိုဆင်းလာတယ်။မနေ့ကတစ်ညလုံးအရိပ်ကသားကိုနားလည်ပေးဖို့ဖြောင်းဖျထားတာကြောင့်ကမ္ဘာလဲနဲနဲစိတ်လျှော့ထားလိုက်တယ်။ဒါပေမယ့်ကိုယ့်သားကိုယ်ယောကျာ်းပေးစားဖို့ကလဲမျက်နှာပူနေတယ်။သဘာဝအတိုင်းမဟုတ်တဲ့ဆက်ဆံရေးမှာပြသနာတွေရှိလာမှာလဲစိုးရိမ်ရတယ်။သားတို့နှစ်ယောက်လုံးဆက်ဆံရေးအဆင်မပြေဖြစ်လာတဲ့အခါပျက်သွားကြရင်သားလေးသိက္ခာထိခိုက်သွားမှာလဲစိုးရိမ်ရတယ်။
ကမ္ဘာအောက်ထပ်ကိုရောက်တော့မေမေနဲ့အရိပ်ကဆိုဖာပေါ်မှာထိုင်ရင်းကော်ဖီသောက်ကာတရားနားထောင်နေတယ်။ဟိုလူဆိုးလေးကိုမျက်လုံးလေးဝေ့ပြီးရှာလိုက်မိတယ်။မတွေ့တော့လူဆိုးလေးကမထသေးဘူးထင်ပါတယ်။ကမ္ဘာလဲအရိပ်အနားမှာသွားထိုင်လိုက်တယ်။
"အကိုနိုးပြီလား ကော်ဖီသောက်ဦးမလားမိဖြူကိုယူခဲ့ခိုင်းလိုက်မယ်"
"အင်း သောက်မယ် "
"မိဖြူရေသမီးဦးလေးအတွက်ကော်ဖီတစ်ခွက်လောက်ယူခဲ့ပေးပါအုံး"
"ဟုတ်ကဲ့လာပါပြီရှင့်"ခဏကြာတော့မိဖြူကကော်ဖီလာချပေးပြီးတခြားအလုပ်တွေသွားလုပ်နေတယ်။ကမ္ဘာတို့၃ယောက်သားစကားလေးတပြောပြောလုပ်ကာတရားနားထောင်ရင်းကော်ဖီသောက်နေကြတယ်။နာရီအနည်းငယ်ကြာတော့အစာပြေစားမယ့်အချိန်ကိုရောက်လာတယ်။သားကဆင်းမလာသေးဘူးမေမေနဲ့အရိပ်ကလဲစိတ်ပူနေပုံမရတာကြောင့်ကမ္ဘာဘက်ကပဲစပြီးမေးလိုက်ရတယ်။
"မေမေ...ဟိုအကောင်ရော "
"ဘယ်အကောင်လဲမေမေတို့အိမ်မှာဘာအကောင်ကမမွေးထားဘူးလေ "ဒေါ်ပင်မြင့်ထက်သားကမြေးငယ်လေးကိုမေးနေတာမှန်းသိပေမယ်မသိချင်ယောင်ဆောင်နေလိုက်တယ်။ဟုတ်တယ်လေသူမမြေးလေးကလူလေအကောင်မှမဟုတ်ပဲ။
"ဟာမေမေကလဲဗျာ....သားကမေမေ့မြေးကိုမေးနေတာ "
"အော် ငါ့မြေးလားသူ့ကောင်လေးအိမ်မှာသွားအိပ်တယ်လေ"
"ဟာ..... သားသဘောမတူဘူးလို့ပြောနေတာကိုတောင်အဲ့ကောင်ကဂရုမစိုက်တာလားဗျာ...မေမေကသိရဲ့သားနဲ့မတားလိုက်ဘူးလားဗျာ"
"ငါကဘာလို့တားရမှာလဲငါ့မြေးလုပ်ချင်တာလုပ်ပလေ့စေပေါ့ "
"ဟာ....မေမေကမဟုတ်သေးပါဘူးဗျာ.... အရိပ်တွေ့လားအရိပ်ကသာကိုယ့်ကိုသားလေးကိုနားနည်ပေးဖို့ဖြောင်းဖျနေတာ....သူ့ကိုကြည့်ပါအုံးကိုယ့်စကားကိုဘယ်မှာနားထောင်နေလို့လဲ "
YOU ARE READING
မြတ်နိုးရပါသောအလှလေး