"ဝိုင်"
"ဟင်"
"ညနေကျရင်ကိုယ်နဲ့အတူပြန်ပါလား"
"မာန်လိုက်ပို့မယ်လို့ပြောထားတယ်""ဟာ ဝိုင်ကလဲဘာလို့သူ့ကိုပို့ခိုင်းမှာလဲ သူကဝိုင့်အိမ်နဲ့လဲလမ်းမကြုံဘဲနဲ့"
"ငါမခိုင်းပါဘူးသူပြန်ပို့မယ်ဆိုလို့ငါလဲမငြင်းဘူးလေအိမ်နဲ့ကျောင်းကသိပ်လဲမဝေးဘဲနဲ့ငါခြေကျင်ပြန်ရင်တောင်ရောက်တယ်"
"ခနလေးနော်"နေထက်ထိုင်ရာကနေအရှေ့ခုံဆီကိုထပြီးသွားလိုက်တယ်
သက်တဲ့ကတော့အဲ့ကောင်ဘာတွေဉာဏ်များအုံးမလဲဆိုတာစောင့်ကြည့်နေလိုက်တယ်"ချစ်ခြင်းမာန်"
"ဟမ် ဘာလဲ"
"မင်းဝိုင့်ကိုအိမ်ပြန်ပို့မယ်လို့ပြောထားတာလား"
"ဟုတ်တယ် သူ့စက်ဘီးပျက်နေတာလေအဲ့တာငါပြန်ပို့မလို့ ဘာဖြစ်လို့လဲ"
"ငါမင်းကိုအကူအညီတောင်းစရာရှိလို့"
"ဘာလဲ"
"မင်း ကကြိုးကိုပြန်ပို့ပေးလို့ရမလား"
"ဟင် ကိုကိုကသူ့အိမ်ကလူတွေလာကြိုမှာမလား"
"သူတို့မလာဖြစ်ဘူးကားပျက်နေတာအဲ့တာကြောင့်ငါ့ကိုလိုက်ပို့ခိုင်းထားတယ် ငါ့အိမ်နဲ့ကလမ်းမကြုံဘူးလေ ပြီးတော့ငါ့အိမ်နဲ့ကျောင်းကနီးတာကြောင့်စက်ဘီးပဲစီးတာ
ကကြိုးအိမ်ကမင်းတို့အိမ်လမ်းနဲ့လမ်းကြုံတယ်လေ..........ပြီးတော့ဝိုင်ကလဲငါ့အိမ်နဲ့ဘေးချင်းကပ်မှာပဲနေတော့ငါကဝိုင့်ကိုပြန်ပို့လိုက်မယ် မင်းက ကကြိုးကိုပြန်ပို့လိုက်...အဲ့လိုလုပ်လို့အဆင်ပြေလား""ဟာ သိပ်ရတာပေါ့ ကိုကိုပြန်လာရင်ငါပြောလိုက်မယ်"
"အေး ဒါနဲ့ ကကြိုးကဘယ်သွားတာလဲ"
"ရှိုင်းနဲ့ဆီးခြံသွားတယ် ငါရောလိုက်မှာဆိုတာကို ကိုကိုကပေးမလိုက်ဘူး""ဟုတ်ပါပြီ ကွာ ငါသွားတော့မယ်ကကြိုးလာရင်ပြောပြလိုက်အုံး"
"အေးပါကွာ "နေထက်သူ့နေရာသူပြန်သွားတော့မာန်လဲစာအုပ်တွေသိမ်းလိုက်ပြီးကိုကို့ ကိုပြန်ပို့ရမှာမို့ဝမ်းသာနေတယ်
ကိုကိုရဲ့အိမ်ကိုသိသွားရင်အကြောင်းအမျိုးပြပြီးသွားလည်ရမယ်ပြီးတော့အနာဂတ်ယောက်ကထီးနဲ့ယောက်ခမကိုလဲမာန့်ဘက်ပါအောင်စီးရုံးရအုံးမယ်
မာန်ကတော့သူ့အကြံနဲ့သူတဘောတကျပြုံးနေတယ်
CZYTASZ
မြတ်နိုးရပါသောအလှလေး