"ဟမ်းးးးးး"
လွန်းမျက်လုံးတွေမဖွင့်ခင် အာသန်းလိုက်တယ်။တင်းတင်းကျပ်ကျပ်ဖက်ထားသလိုခံစားရတာကြောင့် မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ကြော့ရှင်းလှပတဲ့လည်တိုင်ဖွေးဖွေးလေးကိုမြင်လိုက်ရတယ်။မနေ့ညလွန်းနဲနဲလွန်သွားတယ်။ကြည့်ပါအုံးသူ့ကလေးလေးလည်တိုင်ဖွေးဖွေးတွေကသူ့လက်ရာကြောင့်နီရဲနေတယ်။
လွန်းလက်တွေဖြည်းဖြည်းချင်းမြောက်လိုက်ပြီးကောင်လေးလည်တိုင်လေးကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်တယ်။နှစ်ယောက်လုံးကအဝတ်တွေမဝတ်ထားဘဲစောင်ကိုလဲခါးထိသာခြုံထားတာကြောင့်လွန်းကောင်လေးရဲရွှေရောင်အသားအရေလေးကိုအပြည့်အဝကြည့်လို့ရပြီလေ။ကြည့်ရုံတင်အားမရတော့တာကြောင့်လက်ကလေးနဲ့လိုက်ပြီးပွတ်သပ်နေလိုက်တယ်။နူးညံနေတာမျိုးလဲမဟုတ်သလိုအရမ်းလဲမကြမ်းဘူးကိုင်လို့ကောင်းတယ်။
လွန်းကကောင်လေးရဲ့ရင်ဘတ်တွေကိုပွတ်သပ်ရင်းကနေတစ်ခုခုတွေးမိသွားတာကြောင့်အလိုမကျစွာမျက်မှောင်ကြုတ်လိုက်တယ်။သူ့ကောင်လေးကိုဘယ်သူကဆေးခတ်ရဲရတာလဲ။ကောင်လေးသာလွန်းဆီဖုန်းမဆက်ခဲ့ရင်အခုချိန်အခုလိုကောင်လေးရင်ခွင်ထဲမှရှိနေတဲ့လူကလွန်းဖြစ်ချင်မှဖြစ်နိုင်မှာ။တွေးရင်းကနေလွန်းဒေါသဖြစ်လာတယ်။ကောင်လေးကလွန်းအပိုင် ကောင်လေးအတွက်ဆိုလွန်းရဲ့မာနတွေရောအသက်တွေကိုပါစွန့်လွတ်ပေးနိုင်တယ်။တကယ်လို့ကောင်လေးကသာသူ့အနားကထွက်သွားမယ်ဆိုရင်သူကောင်လေးကိုသတ်ပြစ်ပြီးသူကိုယ်တိုင်လဲကောင်လေးနောက်လိုက်သွားမယ်လို့တွေးထားပြီးသားပင်။လွန်းကသွေးညီကိုဘယ်အထိတောင်ချစ်မြတ်နိုးမိသွားလို့အဲ့လောက်ပိုင်ဆိုင်လိုစိတ်ကြီးနေရတာလဲဆိုတာသူ့ကိုယ်သူပင်မသိတော့ပေ။ရိုးလွန်းရောင်ရဲ့အသဲအသက်လေးကိုလာရှုပ်ရဲတာအဲ့လူတော့နေဝင်ဆည်းဆာကိုမခံစားချင်တော့ဘူးထင်ပါရဲ့။
လွန်းလုပ်စရာရှိသေးတာကြောင့်ကောင်လေးရင်ခွင်ထဲကထွက်ဖို့နဲနဲလေးရုန်းလိုက်တော့သူ့အောက်ပိုင်းတစ်နေရာကအရမ်းကိုနာကျင်သွားတယ်။ခနတုန်းကငြိမ်နေတာကြောင့်သိပ်မနာသလိုခံစားရပေမယ့်အခုတော့အရမ်းနာတယ်။မနေ့ညကပုံရိပ်တွေကလွန်းမျက်လုံးထဲဝင်လာတော့လွန်းမျက်နှာပူမိသွားတယ်။မနေ့တုန်းကသူဘယ်လိုတောင်ပြုစားခံလိုက်ရတာလဲ။ကောင်လေးကိုတောင်မကြောက်မရွံ့သွားမြူစွယ်နေသေးတယ်။အာ ရှက်လိုက်တာ။
ESTÁS LEYENDO
မြတ်နိုးရပါသောအလှလေး