part 19 u/z

539 33 0
                                    

ညနေရောက်တော့အားလုံးစုပြီးTvကြည့်နေကြတယ်။အားလုံးကအရင်လိုပဲကိုယ့်နေရာကိုယ်ထိုင်ကြတယ်။TVကြည့်နေတုန်းနေထက်ကဝိုင့်ကိုကြည့်လိုက်သူ့သူငယ်ချင်းတွေကိုကြည့်လိုက်နဲ့ခေါင်းတွေကုတ်နေတယ်။
ရှိုင်းကအလယ်မှာဆိုမကြည့်ချင်လဲမြင်နေရတယ်။ဒီကောင်ဘာဖြစ်နေတာပါလိမ့်။

"ဟေ့ကောင် မင်းဘယ်အချိန်ထိငါတို့ကိုလိုက်ကြည့်ပြီးဖင်ကုတ်ခေါင်းကုတ်လုပ်နေမှာလဲ....ဘာပြောစရာရှိလို့လဲ....ဘာလဲ မင်း​ပြော
ဖို့ခက်နေတာကမင်းမှကိုယ်ဝန်ရှိနေလို့လား..:ဒါဆို လဲပွင့်ပွင့်လင်းလင်းပြောလိုက်ပါကွာ....ငါတို့က ကလေးအဖေကိုကူရှာပေးရမှာလား"
"ဟာ ငါချီး....ဘောကိုကလေးအဖေကူရှာမှာလားငါကအကောင်းပြောမလို့ဟာ"
"ဟားးးဟားး မသိဘူးလေမင်းရုပ်ကအပူသည်ရုပ်ပေါက်နေတာကိုးဟ"
"ချီးကိုအပူသည်....မင်းပဲအပူသည်ရုပ်"
"ဟားဟား..... ဟား"
"မပြောတော့ဘူးအဲ့မှာရီနေလိုက်ကြ"

ရီနေတဲ့အဲ့၃ကောင်ကိုနေထက်အမြင်ကတ်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီးဝိုင်ဘက်ကိုလှည့်လာတော့ဝိုင်ကပါပြုံးစိစိလုပ်နေတော့နေထက်မျက်နှာကပိုပြီးဆူပုတ်သွားတယ်။

"ဟွန့်.....မင်းတို့တွေတစ်ယောက်မှမကောင်းကြဘူး"
"ငါရောလား"

ဝိုင်ကပြုံးစိစိနဲ့မေးလာတော့နေထက်ဝိုင့်ကိုမျက်စောင်းထိုးပြီးကြည့်လိုက်တယ်။

"ဝိုင်ကနဲနဲတော့ဆိုးလာပြီ"
"ဆိုးတော့မချစ်တော့ဘူးလား"
"ချစ်တယ် လို့.....ဆိုးလဲချစ်တယ်....ဝိုင့်ကိုချစ်တယ်လို့.....တိမ်သက်တံ့ဝိုင်ကိုအရမ်းချစ်တယ်လို့"
"အဟားးးတော်ပါပြီကွာ မင်းအသံကမကျေနပ်တဲ့အသံကြီးနဲ့"
"ဝိုင်ကကိုယ့်ကိုရီတာကိုး...ဟွန့်"
"မင်းကချစ်ဖို့ကောင်းလို့ငါကချစ်လို့ရီတာလေမင်းမကြိုက်ဘူးလား"

အလှလေးကနေထက်ဆံပင်တွေကိုဖွပြီးချစ်စဖွယ်ပြောလာတော့နေထက်သဘောတကျပြုံးလိုက်မိတယ်။

"ကြိုက်တယ်.... ကိုယ့်ကိုချစ်တယ်လို့ထပ်ပြောပါလား"
"အင်း ငါလဲ မင်းကိုချစ်တယ်....အရမ်းချစ်တယ်"
"အသဲယားလာပြီကွာကိုယ်နမ်းချင်လာပြီ"
"အာ.....အင်း မင်းသဘောပဲနမ်း...အင့်"

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now