"နေထက်"
". ....."
"မင်းဘာဖြစ်နေတာလဲ"
". ....."
"အဲ့လိုပဲတိတ်မနေနဲ့လေ ဘာဖြစ်နေလဲဆိုတာငါ့ကိုပြောအုံးလေ နေထက်မင်းငါ့ကိုစိတ်ကောက်နေတာလား"
"ဟွန့်"ဝိုင့်အိမ်ရဲ့ဧည့်ခန်းထဲမှာတော့ဝိုင်ကသူ့ကိုစကားပြန်မပြောတဲ့နေထက်ကိုစကားလိုက်ပြောနေတယ်။အဲ့ကောင်ကဘာထဖြစ်တာလဲအသိဘူး။မနေ့ညကညစျေးတန်းမှာသွားလည်တုန်းကတောင်အဆင်ပြေနေကြသေးတယ်။အပြန်ရောက်တော့နေထက်ကဝိုင့်ကိုစကားလဲပြန်မပြောဘူး။
ဘာဖြစ်နေလဲကိုမသိဘူး။အိမ်လဲမပြန်ဘဲဝိုင့်အခန်းမှာပေကပ်ပြီးလာအိပ်နေတယ်။အရင်ကဝိုင့်ဘေးမှာအိပ်ရင်အမျိုးမျိုးအသားယူနေတတ်တဲ့လူကမနေ့ညတုန်းကတော့ဝိုင့်ကိုကျောပေးပြီးအိပ်နေတာမို့ဝိုင့်စိတ်ထဲမှာထူးဆန်းနေတယ်။အလိုမကျစိတ်လဲဖြစ်မိတယ်။
မနက်ရောက်တော့ဝိုင်ဘာပြောပြောပြန်မပြော ဘာမေးမေးပြန်မဖြေလုပ်နေတာကြောင့်ဝိုင့်မှာစဥ်းစားရကျပ်သွားတယ်။ဝိုင်ဘာတွေများအမှားလုပ်ထားမိလို့လဲပေါ့။ဘာပဲဖြစ်ဖြစ်နေထက်သူနဲ့စကားမပြောတော့ရင်သူလဲနေရတာအဆင်မပြေတာကြောင့်နေထက်ကိုချော့ဖို့ကြံရတော့တယ်။ဒယ်ဒီစိတ်ကောက်နေရင်ပါးပါးချော့နေကြနည်းလေးကိုပြန်မြင်မိပြီးသုံးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့တာကနဲနဲကလေးဆန်ပြီးရှက်စရာကောင်းနေပေမယ့်တခြားနည်းမှမရှိတော့တာ။ဝိုင်လဲမျက်နာပူပူနဲ့ပဲနေထက်ကိုချော့ဖို့ပြင်လိုက်တော့တယ်။
"ထက်လို့ ငါ့ကိုစိတ်ကောက်နေတာလားဟင်...ငါအမှားလုပ်ထားမိလို့လားဟင်...ငါဘာလုပ်ထားလဲမင်းငါ့ကိုပြောပြလေ ဒါမှ ငါကချော့လို့ရမှာပေါ့"
နေထက်တင်းထားတဲ့စိတ်တွေအရည်ပျော်သွားရတယ်။အလှလေးကဘယ်လိုတောင်အသဲယားစရာကောင်းနေရတာလဲ။နေထက်ရင်ထဲမှာကျလိကျလိနဲ့အသဲယားမိတယ်။အလှလေးကနေထက်အက်ျီအစလေးကိုကိုင်ကာလှုပ်နေရင်းမျက်လုံးဝိုင်းဝိုင်းလေးတွေကလဲကလေးငယ်တစ်ယောက်လိုပေကလပ်ပေကလပ်နဲ့တကယ့်ကိုချစ်ဖို့ကောင်းလွန်းတယ်။
နှခမ်းလေးဆူပြီးချော့နေပုံကတကယ့်အသဲယားစရာလေးရယ်ပါ။
YOU ARE READING
မြတ်နိုးရပါသောအလှလေး