". ...ငါဘယ်နေရာမှာထိုင်ရမှာလဲ...."
". .မင်းကလူရှုပ်တာမကြိုက်ဘူးဆိုလို့အနောက်ဆုံးထောင့်ကခုံကိုဦးထားပေးတယ်....."
". ..ကကြိုးကရော...."
". ..သူကခန္ဓာကိုယ်သေးတော့အရှေ့ဆုံးခုံမှာထိုင်ရတာ....ဟားးး....."". ..ရှိုင်းသွေးညီ......"
ကကြိုးကအသံအကျယ်ကြီးနဲ့ရှိုင်းနာမည်ကိုအော်ခေါ်လိုက်တော့ရှိုင်းရီတာရပ်လိုက်ပြီးကကြိုးကိုမျက်နှာချိုသွေးရတော့တယ်
". ..ဟီး ဗျာ....ကိုလှိုင်းကကြိုးသားကိုခေါ်လိုက်တာလားဗျ....."
". ..ရှိုင်း မင်းနော် ဟွန်းရုပ်ကိုက ကလေးမသာရုပ်နဲ့လာဖြီးပြမနေနဲ့....မင်းပြောတာငါကြားတယ်နော်....ဒီနေ့ငါစိတ်ကြည်နေတာမို့လွှတ်ထားလိုက်မယ်....အဲ့လိုမှမဟုတ်ရင်မင်းတော့သေပြီသာမှတ်....."
". ..ဟီး ကကြိုးကလဲငါကစတာပါ....ငါနေ့လည်ကျရင်ရေခဲမုန့်ဝယ်ကျွေးမယ်နော်...."
". ...ပြီးရော ဟွန့်....."
နှာမှုတ်ပြီးသူ့ခုံသူပြန်သွားထိုင်နေတဲ့ကကြိုးကိုကြည့်ပြီးရှိုင်းနဲ့နေထက်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်ကြတယ်
နေထက်တို့မုန့်စျေးတန်းမှာမုန့်သွားဝယ်ကာစားလိုက်ကြပြီးအခန်းထဲမှာပဲစကားပြောနေကြတယ်
ကျောင်းတက်ဖို့၁၅မိနစ်အလိုမှာပထမအကြိမ်ခေါင်းလောင်းတီးတော့အခန်းထဲမှာလူစုံလုနီးပါးရှိနေတယ်လေ
နေထက်တို့သုံးယောက်ကကျောင်းသားအသစ်တွေဆိုတော့အားလုံးကနေထက်တို့ကိုသိသိသာသာရောမသိမသာပါအကဲခတ်ကြည့်နေကြတယ်ကကြိုးကအရပ်ပုလို့အရှေ့မှာထိုင်ရသလိုရှိုင်းကလဲအဝေးကနေဆိုစာသိပ်မမြင်ရတာမို့အလယ်တန်းမှာထိုင်တယ်
နေထက်ကလဲလူရှုပ်တာမကြိုက်တာမို့အနောက်ဆုံးခုံမှာထိုင်တယ်ဒါကြောင့်ကျောင်းတက်တော့အားလုံးကစကားသိပ်မပြောရတော့နေထက်တို့၃ယောက်လဲခင်တဲ့လူသိပ်မရှိတာကြောင့်ရုပ်တည်ကြီးနဲ့ထိုင်နေကြတယ်
နေထက်လဲပျင်းနေတာကြောင့်သင်ရမယ့်စာတွေကိုလိုက်ကြည့်နေတယ်
အဲ့အချိန်မှာအခန်းထဲကစကားပြောသံတွေတိတ်သွားတယ်
နေထက်ကစာကိုစိတ်ဝင်တစားကြည့်နေတာမို့သတိမမူမိဘူး
![](https://img.wattpad.com/cover/322482050-288-k89880.jpg)
ESTÁS LEYENDO
မြတ်နိုးရပါသောအလှလေး