"ကျွန်တော်ဖေဖေတို့ကိုပြောစရာရှိတယ် "
"ပြောလေ...ထူးထူးဆန်းဆန်း လာလုပ်နေတယ် "ဖေဖေကမုန့်စားနေရင်းနေထက်ကိုမကြည့်ပဲပြောလာတယ်။ကိုယ့်ချစ်သူကိုကိုယ့်အဖေနဲ့မိတ်ဆက်ပေးရမှာဆိုတော့နဲနဲတော့မျက်နှာပူမိတယ်။
မေငယ်နဲ့ဖွားကတော့ကော်ဖီခွက်တွေကိုင်ထားရင်းနေထက်ပြောလာမယ့်စကားကိုနားထောင်နေတယ်။
နေထက်လဲအလှလေးလက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီးအလှလေးကိုကြည့်လိုက်တော့အလှလေးကလှပစွာပြုံးပြလာတယ်။နေထက်လဲဖေဖေ့ဘက်ကိုပြန်လှည့်ပြီးပြောလိုက်တယ်။
"ဖေဖေသားမှာချစ်သူရှိနေပြီ"
"အင်း ငါ့သားလဲအရွယ်ရောက်နေပြီပဲချစ်တဲ့လူတော့ရှိသင့်ပါပြီ....ဒါပေမယ့် သားအခုမှကျောင်းပြီးထားတာအလုပ်အရင်လုပ်သင့်တယ်နောက်နှစ်အနည်းငယ်မှလက်ထပ်ဖို့စဥ်းစားကြပေါ့အဲ့အခါကျရင်ဖေဖေလိုက်တောင်းပေးမယ်....ဖေဖေနဲ့မိတ်ဆက်ပေးမယ်ဆိုလဲခေါ်ခဲ့တာမဟုတ်ဘူး....ဖေဖေ့ချွေးမလေးကိုအကဲခတ်ကြည့်ရအုံးမယ်လေ "ဖေဖေကမုန့်စားရင်းကနေပဲနေထက်ကိုအေးအေးဆေးဆေးပြန်ပြောနေတယ်။ဖေဖေကနဲနဲတော့နားလည်မှုလွှဲနေတာပဲ။ကော်ဖီသောက်ဖို့ပြင်နေတဲ့ဖေဖေ့ကိုကြည့်ပြီးနေထက်ပြောလိုက်တယ်။
"သားချစ်သူကယောကျာ်းလေးပါ "
"အေးပါ ဖေဖေနောက်လကျရင်လိုက်တောင်းပေးမယ်....အယ်ခနလေးသားဘာပြောလိုက်တာလဲ"ကမ္ဘာလဲသားလေးမှာချစ်သူရှိနေပြီဆိုတော့မြန်မြန်လက်ထပ်ပေးဖို့တွေးနေတယ်။ဒါမှမြေးမြန်မြန်ချီရမှာလေ။ဒါကြောင့်စိတ်လောနေပုံရတဲ့သားလေးကိုနောက်လကြရင်လိုက်တောင်းပေးဖို့ပြင်လိုက်တယ်။ဒါပေမယ့်ကမ္ဘာများနားကြားမှားလိုက်တာလားမသိဘူးသားကသူ့ချစ်သူကယောကျာ်းလေးပါတဲ့။ကမ္ဘာသောက်လက်စလက်ဖက်ရည်ခွက်ကိုချပြီးသားကိုအလန့်တကြားမော့ကြည့်လိုက်တော့သားငယ်ကသူ့ဘေးမှာဖြူဖြူအုအုကောင်လေးရဲ့လက်ကိုဆုပ်ကိုထားတယ်။
"သား ဝိုင်နဲ့တွဲနေတာပါ ဟိုးပထမနှစ်ကတည်းကပါ"
"သားဖေဖေ့ကိုလာစနေတာညားမရီရဘူးနော်"
"သားပုံစံကစနေတဲ့ပုံပေါ်လို့လား"
"ဟူး....မင်းတကယ်ပြောနေတာဆိုရင်ငါသဘောမတူနိုင်ဘူး"
YOU ARE READING
မြတ်နိုးရပါသောအလှလေး