part 22 u/z

654 39 0
                                        

ဘာလိုလိုနဲ့အလှလေးနဲ့မတွေ့ရတာ၃ရက်တောင်ကျော်လာပြီ။မျက်နှာလှလှလေးကိုအရမ်းလွမ်းနေမိပြီ။နေထက်ဝရန်ဒါမှာထိုင်ရင်းကြယ်တွေကိုကြည့်နေတယ်။လပြည့်ညဖြစ်တာကြောင့်ကောင်းကင်ကြီးတစ်ခုလုံးထိန်လင်းနေပြီးလှပနေတယ်။

"လမင်းကြီးသိလားကျွန်တော့်အလှလေးကခင်ဗျားထက်အဆ၁၀၀လှတယ်ဗျ....ခင်ဗျား မှာသူ့ကိုကျွန်တော်ချစ်ပေးသလိုချစ်ပေးမယ့်လူရောရှိလို့လား....ခင်ဗျား တောင်မနာလိုဖြစ်စေနိုင်မယ့်အထိကျွန်တော့်အလှလေးကသိပ်လှတာဗျ...ပြောရင်းကနေလွမ်းလာပြီဗျာ"

နေထက်ကောင်းကင်ကြီးကိုကြည့်ပြီးပြောရင်းတစ်ယောက်ထဲသဘောကျစွာပြုံးလိုက်မိတယ်။လွန်ခဲ့တဲ့၁နာရီလောက်ကမှဖုန်းပြောထားတာကိုအခုလွမ်းနေပြန်ပြီ။နေထက်လဲအိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ပြီး
"ကိုယ့်မြတ်နိုးရာလေး"လို့မှတ်ထားတဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်တယ်။ခနကြာမှတစ်ဖက်ကဖုန်းပြန်ကိုင်လာတယ်။

"ဟယ်လို....."
"ဝိုင် ရေချိုးပြီးပြီလား "
"အင်း ပြီးပြီ အခုအိပ်မလို့အိပ်ယာပြင်နေတာဘာလို့လဲ"
"ကိုယ်ဝိုင့်ကိုလွမ်းလာလို့....မအိပ်ခင်မျက်နှာလေးမြင်ချင်တယ်...လိုင်းတက်ခဲ့ပါလား"
"အင်းခနနော်"
"အင်း.... "

အလှလေးကဖုန်းချသွားပြီးနေထက်လိုင်းဖွင့်လိုက်တော့အလှလေးအကောင့်ကမီးစိမ်းနေတာကြောင့်နေထက်vcခေါ်လိုက်တော့အလှလေးကချက်ချင်းကိုင်လာတယ်။

ရေချိုးပြီးကာစမို့ထင်တယ်အလှလေးမျက်နှာကကြည်လင်နေတယ်။အပြာနုရောင်ညအိပ်ဝတ်စုံကိုဝတ်ထားပြီးကုတင်ခေါင်းရင်းကိုမှီထိုင်ကာနေထက်ကိုမျက်လုံးကြည်ကြည်လေးတွေနဲ့စိုက်ကြည့်နေတယ်။နေထက်သဘောကျစွာပြုံးလိုက်မိတယ်။

"ကိုယ်ဘယ်လော်ထိချောနေလို့အဲ့လောက်တောင်ကြည့်နေရတာလဲ"
"ငါ့ကောင်လေး ငါကြည့်တာလေမကျေနပ်ဘူးလား"
"ချစ်တယ် လို့ပြောမှကျေနပ်မှာ"
"ငါမင်းကို ချစ်တယ် ထက်"
"ကိုယ်ကပိုချစ်တယ်"

အချစ်ရိပ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်လိုက်ကြပြီးပြုံးနေကြတယ်။

မြတ်နိုးရပါသောအလှလေးWo Geschichten leben. Entdecke jetzt