Part 36 u/z

816 29 2
                                    

🚫🚫🚫 ဒီအပိုင်းက အမှောင်တွေပါမယ်နော်။အမှောင်မကြိုက်ရင်ကျော်ဖတ်ပေးလို့ရပါတယ်။အရေးအသားအမှားပါခဲ့ရင်လည်းကြိုပြီးတောင်းပန်ပါတယ်နော်။

*****      *************  ********

လွန်းကကောင်လေးအနားကိုသွားပြီးရေပန်းကိုပိတ်လိုက်တယ်။ပြီးတော့ကောင်လေးအနားကိုသွားလိုက်ပြီးကောင်လေးရဲ့ရေစိုနေတဲ့ဆံပင်တွေကိုအပေါ်သပ်တင်ပေးလိုက်ကြင်ကြင်နာနာပြုံးပြလိုက်တယ်။

"အဆိုးလေး အခုနေရတာသက်သာသွားပြီလား....အပြင်ထွက်ရအောင်သွေးညီရေထဲမှာနေတာအရမ်းကြာနေပြီနေမကောင်းဖြစ်လိမ့်မယ်..... အင့်..... သွေးညီ "
"ကျွန်တော်နေရတာမသက်သာသေးဘူး....ဦးကူညီပါအုံးဗျာ "

လွန်းပြောလို့တောင်မပြီးသေးဘူး။သွေးညီကလွန်းကိုနံရံနားဆွဲကပ်လိုက်ပြီးခါးကိုဆွဲဖက်ထားကာလွန်းနားရွက်နားကပ်ပြီးစကားပြောလာတယ်။အသက်ရှူသံတွေကမြန်နေပြီးအာငွေ့နွေးနွေးလေးတွေကိုလဲလွန်းလည်တိုင်တစ်လျှောက်မှာခံစားနေရတယ်။သွေးညီကလွန်းလည်တိုင်ကိုတစ်ချက်ဖိနမ်းလိုက်ပြီးမှလွန်းမျက်လုံးတွေကိုရီဝေဝေစိုက်ကြည့်လာတယ်။

"ဦး ကျွန်တော့်ကိုခွင့်ပြုမယ်မလား "
"ဦးကသွေးညီထက်အသက်ကြီးတယ်အဲ့တာကြောင့်ဦးကအပေါ်မှာပဲနေမယ်...အဲ့လိုမှမဟုတ်ရင်မရဘူး "
"ဟာဗျာ.... ဦးကလဲကျွန်တော်မရတော့ဘူးလို့ ကျွန်တော့်ကိုမသနားဘူးလားဟင် "
"သွေးညီကိုသနားလိုက်ရင်ဦးနာမှာပေါ့ "
"ကျွန်တော်ညင်သာမှာပါဗျာ "
"အဲ့တာကယုံတမ်းစကားတွေပါကွာ "
"ဦးကလည်းဗျာ "
"ကိုယ်ကလှည်းမလုပ်ချင်ဘူးလှည်းကိုစီးတဲ့သူပဲလုပ်ချင်တာ "
"ဟာဗျာ "

မျက်နှာလေးရှုံ့မဲ့နေတဲ့ကောင်လေးကိုကြည့်ပြီးလွန်းမရီမိအောင်ထိန်းထားရတယ်။ဒီကောင်လေးကစလို့သိပ်ကောင်းတယ်လေ။

"ပြီးရော ဗျာ တစ်ယောက်တစ်လှည့်စီလုပ်ကြမယ် "
"ဟက်...အရူးလေးကွာ "
"ရူးပေမယ့်ဦးကချစ်တယ်မလား"
"Noပါ ဦးကအရူးတွေကိုမချစ်ဘူး "
"ဟွန့် ဦးနော်.... တော်ပြီ ဦးနဲ့စကားမပြောတော့ဘူး "

နှခမ်းလေးဆူကာကိုယ်တုံးလုံးနဲ့အခန်းထဲကထွက်သွားတယ်။လမ်းလျှောက်လိုက်တိုင်းတုန်တက်သွားတဲ့တင်ပါးလေးတွေကဖြတ်ရိုက်ချင်စရာ။ကောင်လေးအခန်းထဲထွက်သွားပြီးခနကြာတဲ့အထိလွန်းထွက်မလာသေးဘူး။လွန်းလဲရေစိုနေပြီဖြစ်တဲ့အဝတ်အစားတွေကိုချွတ်လိုက်ပြီးမှအခန်းထဲကထွက်လာလိုက်တယ်။

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now