part 17 u/z

635 37 0
                                    

"ဒီနေ့ကျောင်းသူအသစ်ရှိတယ်သူ့ကျန်းမာရေးအခြေအနေကြောင့်ကျောင်းကိုနောက်ကျမှရောက်လာတာအားလုံးစောင့်ရှောက်ပေးလိုက်ကြပါအုံးသူကဆရာမတူမလေးလဲဟုတ်တယ်...ဒါကြောင့် ဆရာမကသိပ်မပြောချင်ဘူးမင်းတိုကကြည့်ကျပ်ပြီးကူညီပေးလိုက်ပါအုံး သူကနဲနဲတော့ဆိုးတယ်အဲ့တာကြောင့်ECကိုထိန်းခိုင်းရမယ်ထင်တယ်....ဖြစ်တယ် မလား အမူရာကြော့ရှင်း"

"အာ...ဟုတ်ကဲ့ပါ ဟီး သမီးထိန်းပေးမယ်အရမ်းဆိုးရင်ရိုက်လို့ရတယ်မလား"
"ရတယ်... နာနာလေးသာရိုက်"
"သူကဒီနေ့လာမှာလားဆရာမရှင့်"
"အင်း ဟုတ်တယ် ဆရာမသူ့ကိုရုံးခန်းမှာစာအုပ်ဝင်ယူခိုင်းနေလို့...ခြေသံကြားရတယ်သူမလာပြီထင်တယ်....သူကလူအရင်မလာခင်သူ့ခြေသံကိုဟိုးတစ်မိုင်လောက်ကတည်းကကြားနေရပြီ...သမီးမတ်တပ်ရပ်မနေနဲ့ထိုင်ပြီးပြောလဲရတယ်"
"ဟုတ်ကဲ့ပါ ကျေးဇူးပါ ရှင့်"

အမူရာလဲထိုင်လိုက်ပြီးအသစ်ဝင်လာတဲ့လူကိုတံခါးဝကနေမျှော်ပြီးကြည့်နေလိုက်တယ်။ခဏကြာတော့ကောင်မလေးကအခန်းထဲဝင်လာတယ်။အဲ့ကောင်မလေးကိုကြည့်ပြီးအမူရာမှာပါးစပ်အဟောင်းသားလေးဖြစ်သွားမိတယ်။ပြီးတော့နေထက်တို့ကိုလှည့်ကြည့်လိုက်တော့သူ့ကောင်လေးနဲ့သူဘာတွေပြောပြီးရီနေကြတာလဲမသိဘူး။ကကြိုးကတော့ထုံးစံအတိုင်းမာန့်ရင်ခွင်ထဲမှာအိပ်ပျော်နေတယ်လေ။

အမူရာလဲသူတို့ကိုပြောဖို့ပြင်လိုက်ပေမယ့်ကြည်နူးစရာမြင်ကွင်းမျိုးကိုမနှောက်ယှက်ချင်တာကြောင့်သွယ့်ဘက်ကိုလှည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အမူရာမျက်မှန်ကိုလက်ညိုးလေးနဲ့ပင့်တင်လိုက်ပြီးမျက်လုံးပြူးပြီးကြည့်လိုက်မိတယ်။

နွယ်ကစာအုပ်ကျသွားလို့ငုံ့ကောက်မလို့ငုံ့လိုက်တော့သွယ်ကလဲကောက်ပေးဖို့ငုံ့လိုက်တယ်။စာအုပ်ကိုတစ်ယောက်တစ်ဖက်စီကိုင်ပြီးမျက်လုံးချင်းဆုံအောင်ကြည့်ပြီးသွယ်က"နမ်းချင်တယ် "လို့နှခမ်းလှုပ်ရုံပြောလိုက်တော့နွယ်ကလဲမျက်လုံးမှိတ်ပေးလိုက်တယ်။သွယ်ကလဲနွယ့်မျက်နှာနားကပ်ပြီးနှခမ်းလေးကိုထိရုံနမ်းလိုက်တယ်။ပြီးတော့မှအကြည့်ချင်းပြန်ဆုံလိုက်ပြီးနွယ်ကစာအုပ်ဆွဲယူပြီးခုံပေါ်ပြန်တက်ထိုင်လိုက်တယ်။သွယ်လဲတစ်ချက်ပြုံးလိုက်ပြီးခုံပေါ်ပြန်ထိုင်လိုက်တယ်။

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now