"ဒေါက်....ဒေါက်....ဒေါက် "
နေထက်စာရင်းတွေစစ်နေတုန်းတံခါးခေါက်သံကြားလိုက်ရတာကြောင့်မျက်မှောင်ကြုတ်မိသွားတယ်။အခုတလောသူခိုး တွေပေါတယ်လေ။အရင်နေ့ကမှဘေးအိမ်ကိုသူခိုးတွေဝင်သွားတာ။ဒါပေမယ့်နေထက်ရဲ့အိမ်ကအဲ့လိုခိုးဝင်လို့ရတဲ့အိမ်မျိုးမဟုတ်ဘူးလေ။ဒါတောင်နေထက်ရဲ့အခန်းထဲထိရောက်အောင်လာနိုင်တယ်ဆိုတော့အဲ့သူခိုးကိုအထင်သေးလို့မရဘူးပေါ့။နေထက်အခန်းထဲကတစ်ခုခုကိုလိုက်ရှာကြည့်ရင်းအခန်းထောင့်ကတံမြက်စည်းကိုမြင်တော့သွားယူလိုက်ပြီးတံခါးနားကိုသတိနဲ့ကပ်လိုက်ပြီးဖွင့်လိုက်တော့တစ်ဖက်ကတံခါးကိုတွန်းဖွင့်လာတယ်။နေထက်လဲအဲ့လူကိုရိုက်ဖို့တံမြက်စည်းမြောက်လိုက်တယ်။ဒါပေမယ့်ပေါ်လာတဲ့မျက်နှာလှလှလေးကြောင့်မရိုက်ဖြစ်တော့ဘဲတံမြက်စည်းကိုမြောက်ကာကိုင်ထားရင်းအရှေ့ကလူကိုတအံ့တသြကြည့်နေလိုက်တယ်။
"အို့ ဟို....ထက်ကကိုယ့်ဆီလာတဲ့လူကိုအဲ့လိုပဲကြိုဆိုနေကျလား "
ဝိုင့်အသံကြားမှနေထက်လဲသတိပြန်ကပ်လာပြီးတံမြက်စည်းကိုအောက်ချလိုက်တယ်။
"ဝိုင်ဘယ်လိုရောက်လာတာလဲ ဘယ်ကတည်းကရောက်နေတာလဲ "
"အခုမှပါ မောင်ရောက်ရောက်ချင်းထက်ဆီလာခဲ့တာ "
"အာ... အင်း..ဝင်လာလေ "ဝိုင်ဝင်လာတော့နေထက်လဲတံခါးကိုသေချာပိတ်လိုက်တယ်။သူဒီအလှလေးကိုသိပ်လွမ်းနေခဲ့ရတာလေ။အရင်လကနှစ်ယောက်လုံးအလုပ်တွေရှုပ်နေတာကြောင့်မတွေ့ဖြစ်ကြဘူးလေ။အဲ့တာကြောင့်စိတ်တွေကသိပ်မကြည်ချင်ဖြစ်နေရတဲ့အထဲဝိုင်ကသူ့ကိုမယုံသလိုပြောလာတာကြောင့်နေထက်ဝိုင်နဲ့ရန်မဖြစ်ချင်လို့စိတ်ငြိမ်အောင်ထားဖို့ဖုန်းပိတ်ထားလိုက်တယ်။ဝိုင်စိတ်ပူနေမယ်မှန်းသိပေမယ့်နေထက်နောက်မှချော့ဖို့ပြင်လိုက်တယ်။ဝိုင်အခုလိုရောက်လာမယ်ဆိုတာလုံးဝမထင်ထားမိဘူး။
"ထက် "
"ဟင် "
"မောင့်ကိုစိတ်ဆိုးနေတာလား ....မောင်တောင်းပန်ပါတယ်... မောင်အဲ့တုန်းကစိတ်အရမ်းဆိုးသွားမိတယ်....သူမကထက်ရဲ့ကောင်မလေးပါလို့ပြောပြီးထက်ဖုန်းကိုလဲကိုင်ထားတာကြောင့်မောင်ကစိတ်မကောင်းဖြစ်သွားတာ...ဟင့်...ပြီးတော့...မောင်က...ဟင့်...ထက်ထားသွားမှာကြောက်လို့ပါ....ဟင့်...မောင့်က...ဟင့် "
"ဟာ...ဘာလို့ငိုနေတာလဲကွာ ကိုယ်ကစိတ်မဆိုးတော့ပါဘူး...နဲနဲလေးစိတ်မကောင်းဖြစ်သွားရုံပါအခုတော့ဝိုင်ရောက်လာပြီပဲကိုယ်စိတ်မဆိုးတော့ဘူးနော် မငိုနဲ့တော့ တိတ်....တိတ် လိမ္မာတယ်.... ဝိုင်အဲ့လိုငိုနေရင်ကိုယ့်နှလုံးသားလေးကအရမ်းနာတယ်သိလား ဒါကြောင့်မငိုနဲ့တော့နော် "
KAMU SEDANG MEMBACA
မြတ်နိုးရပါသောအလှလေး