ရှိုင်းကလပ်ထဲကိုဝင်လာတော့သူရကလက်လှမ်းပြပြီးခေါ်နေတာကြောင့်ရှိုင်းလဲသူရတို့နေတဲ့ဝိုင်းကိုသွားလိုက်တယ်။
"မင်းတို့ကောင်တွေရောက်တာကြာပြီလား"
"နဲနဲတော့ ကြာပြီ မင်းကဘာလို့နောက်ကျနေတာလဲ"
"ကကြိုးတို့နဲ့ဖုန်းပြောနေလို့ပါကွ...ဒါနဲ့ မင်းတို့အလုပ်တွေကိုယ်စီရှိနေပြီလို့မေမေပြောတယ်...မင်းတို့အဆင်ပြေကြရဲ့လား"
"အင်း အခုမှစလုပ်တာဆိုတော့နဲနဲတော့ခက်တာပေါ့ဒါပေမယ့်ကြာလာရင်အဆင်ပြေသွားမှာပါ"
"အင်း ကြိုးစား ထားအကူအညီလိုရင်ပြောနော်"
"အေးပါ ငါအကူအညီလာတောင်းမှပေးချင်သလိုမပေးချင်သလိုလာလုပ်ရင်တော့အသေပဲနော်"
"ဟားးးကြောက်လိုက်တာကွာ ဒါနဲ့ နိုင်ထွန်းမင်းကရော ငါမင်းမဂ်လာသတင်းကြားထားတယ်နော် လာစားလို့ရတော့မှာလား"
"ဟားးးး လိုပါသေးတယ် ကွာ ရောက်ရင်မင်းကိုခေါ်လိုက်မယ်"
"အေးပါ အခုတော့အဲ့အကြောင်းတွေခနထားပြီးသောက်ကြရအောင်.... ဒီညတော့အပြတ်ကဲကြမယ်...ငါတို့နောက်တစ်ခါပြန်ဆုံဖို့ကသိပ်မှမလွယ်တော့တာ...နောက်ကျရင်မင်းတို့ကအလုပ်တွေနဲ့အချိန်မရှိမှာစိုးရတယ်"
"အေးပါ ကွာ လာသောက်ကြတာပေါ့"
"ဟားးးး"ရှိုင်းအခုL ကလပ်ကိုရောက်နေတာပါ။ကျောင်း၃ရက်ပိတ်လို့ပြန်လာတဲ့အချိန်သူရနဲ့နိုင်ထွန်းကသူတို့ဆီလာလည်ဖို့ပြောတော့ရှိုင်းလဲမတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေနဲ့တွေ့ဖို့ပြင်လိုက်ရတယ်။
ရှိုင်းလဲဝိုင်ခွက်ကိုကိုင်ပြီးသူငယ်ချင်းတွေနဲ့အတူသောက်လိုက်တယ်။"သူဌေး ဒီနေ့စောနေပါလား"
"အင်း ကိုယ်အချိန်နဲနဲရလို့ပါ "
"ဟုတ်ကဲ့ပါ ဒါနဲ့ သူဌေးဘာသောက်မလဲ"
"စပျစ်ဝိုင်လေးပဲယူလာပေး ကိုယ်ကလပ်ထဲလိုက်ကြည့်အုံးမယ် ဘာအဆင်မပြေတာရှိသေးလဲ"
"အကုန် အဆင်ပြေပါတယ်ဗျ"
"အင်း ဒါဆို ပြီးရောလေ တခြာလိုအပ်တာရှိရင်ပြော"
"ဟုတ်ကဲ့ပါ "
"ဒီမှာသူဌေးမှာထားတာရပါပြီ"
"အင်း ကျေးဇူး "
"ကျွန်တော်လိုက်ခဲ့ရအုံးမှာလား"
"ရတယ် မလိုက်နဲ့တော့မင်းလုပ်စရာရှိတာသွားလုပ်လို့ရပြီ"
"ဟုတ်ကဲ့ပါ "မင်းနိုင်ထွက်သွားတော့လွန်းလဲဝိုင်ခွက်ကိုဟန်ပါပါကိုင်ရင်းကလပ်ထဲကအခြေအနေကိုလိုက်ကြည့်နေတယ်။
![](https://img.wattpad.com/cover/322482050-288-k89880.jpg)
VOUS LISEZ
မြတ်နိုးရပါသောအလှလေး