နေထက်အိမ်ပြန်ရောက်နေတာ၁လလောက်ရှိပြီးအလှလေးကိုလဲမဆက်သွယ်သလိုရှိုင်းနဲ့ကကြိုးကိုလဲမဆက်သွယ်မိဘူး။
နေထက်အခုတလောသူ့ရဲ့အလှလေးကိုတွေ့တိုင်းမူမမှန်စွာခုန်နေတတ်တဲ့နှလုံးသားလေးကိုဆန်းစစ်ဖို့အချိန်လိုနေတယ်။
နေထက်တော့အရူးကြီးရူးနေပြီထင်ပါတယ်။
အလှလေးနဲ့၁လလေးမတွေ့ရတာကိုရူးချင်သလိုဖြစ်နေမိတယ်။အလှလေးကတော့နေထက်ကိုသတိတောင်ရပါ့မလားမသိပေမယ့်နေထက်ကတော့သူလေးကိုအရမ်းလွမ်းနေပြီ။နေထက်ကိုယ့်စိတ်ကိုသေချာသိသွားပြီဆိုရင်အလှလေးကိုလက်မလွတ်တော့ဘူးဆိုတာနေချာနေပြီလေ။နေထက်ပျင်းနေရင်းကနေလိုင်းမတက်တာကြာလို့လိုင်းတတ်လိုက်တော့စာတွေတစ်ဆက်ထဲဝင်လာတယ်။
ကကြိုးပို့ထားတာရောရှိုင်းပို့ထားတာရောစာတွေကိုအများကြီးပဲ။နေထက်လဲပျင်းနေတာမို့စာတွေကိုဝင်ဖတ်လိုက်တယ်။နေထက်ကိုဘယ်တော့ပြန်လာမလဲ နေမကောင်းလို့လားဘာလို့လိုင်းမတက်တာလဲအစရှိသဖြင့်စာတွေအများကြီးပို့ထားကြတယ်။အလှလေးများစာပို့ထားမလားကြည့်လိုက်ပေမယ့်မတွေ့မိတာကြောင့်စိတ်ကမကြည်ချင်သလိုဖြစ်လာရတယ်။အလှလေးကနေထက်ကိုများမေ့နေမလား။
နေထက်လျှောက်ကြည့်နေရင်းကနေအလှလေးမနေ့ကတင်ထားတဲ့ပို့စ်ကိုတွေ့လိုက်ရတယ်။နောက်အပတ်ထဲမှာအလှလေးရဲ့မွေးနေ့ရှိတာပဲ။
နေထက်အလှလေးကိုဘယ်လိုလက်ဆောင်ပေးရမလဲစဥ်းစားရင်းအကြံတစ်ခါရသွားတာမို့ပြုံးလိုက်တယ်။ကကြိုးနဲ့ရှိုင်းဘယ်သူလိုင်းပေါ်မှာရှိလဲကြည့်လိုက်တော့ရှိုင်းအခုမှတက်လာတာကိုတွေ့လိုက်ရတယ်။
"Hi"
"အေးနေထက်မင်းဘာလို့လိုင်းမတက်တာလဲကွ..တစ်ခုခုဖြစ်လို့လား"
"မဟုတ်ပါဘူး ကွာ...ငါမင်းကိုအကူအညီတောင်းစရာရှိတယ်"
"ဘာများလဲ"
"ဖွားဖွားအိမ်ကိုသွားပြီးနေထက်ကပစ္စည်းတစ်ခုလာယူခိုင်းတာပါလို့ပြောပြီးငါ့အိပ်ယာခေါင်းရင်းကအံဆွဲထဲမှာဗူးသေးသေးလေးရှိတယ်...အဲ့တာကိုယူသွားပြီးညနေကျရင်အလှလေးကိုသွားပေးလိုက်...မွေးနေ့အကြိုလက်ဆောင်ပေးတာလို့ပြောလိုက်နော်"
VOCÊ ESTÁ LENDO
မြတ်နိုးရပါသောအလှလေး