part 30 u/z

693 28 0
                                    

တံခါးဝကိုခနခနမျှော်ကကြည့်နေတဲ့ရှိုင်းသွေးညီကိုနေထက်ကြာလာ​တော့မြင်ပြင်းကပ်လာတယ်။

"ဟေ့ကောင်....မင်းဘယ်သူ့ကိုစောင့်နေတာလဲ....တံခါးဘက်ကိုခနခနကြည့်နေတာ "
"ဦးလာကြိုမယ်လို့ပြောထားလို့...... ကြာနေပြီအခုထိမလာသေးဘူး...လမ်းမှာတစ်ခုခုဖြစ်နေတာလားမသိဘူး "
"ဂွက်...... "
"အာ့....ဘာလို့ငါ့ခေါင်းကိုလာခေါက်တာလဲ...နာတယ်ကွ "
"လာကြိုမယ်လို့ပြောထားတယ်လေ....အခုမင်းဒီကိုရောက်တာဖြင့်နာရီဝက်တောင်မကြာသေးဘူး....သူကလူငယ်တွေလွတ်လွတ်လပ်လပ်နေရအောင်လို့လွတ်ထားတာနေမှာပေါ့.....ခနနေလာကြိုလိမ့်မယ်"
"အော်.... အဲ့လိုလား....ဟီးငါကမသိဘူးလေ.....ဦးနဲ့ခဏလေးမတွေ့ရတာတောင်ငါ့စိတ်ထဲမှာရက်တွေအများကြီးကြာနေသလိုပဲကွာ....လွမ်းလှပြီ"
"အေး လာမှာပေါ့ကွ...မင်းလုပ်စရာမရှိရင်ကကြိုးနဲ့မုန့်သွားဝယ်"
"အေးပါ.... ဟွန့် မင်းကနေရာတကာလိုက်ခိုင်းနေတယ်"
"တိုးတိုးလေးပြောနေတာကြားတယ်နော်"
"ကြားကြားပေါ့"

ရှိုင်းကနေထက်ကိုအမြင်ကပ်သလိုကြည့်လိုက်ပြီးကကြိုးရှိရာကိုလာခဲ့လိုက်တယ်။ပြီးတော့ကကြိုးကိုမုန့်သွားဝယ်ဖို့ခေါ်လိုက်တယ်။မာန်ကလဲလိုက်ချင်ပေမယ့်ကကြိုးကမခေါ်တာကြောင့်မျက်နှာစူပုတ်ပြီးကျန်ခဲ့တယ်။ကကြိုးမခေါ်တာကသူ့မှာအကြံရှိလို့ပါ။သူကတစ်ခုခုကိုကြံစည်နေတယ်လေ။

မမူရာတို့မိန်းကလေးလေးယောက်ကဟော့ပေါ့လုပ်ဖို့ပြင်ဆင်နေကြတယ်။ချစ်ခြင်းမာန်ကသောက်စရာတွေပြင်ဆင်နေတယ်။အလှလေးကတော့မမူရာတို့ကိုသွားကူလိုက်ချစ်ခြင်းမာန်နဲ့စကားသွားပြောလိုက်နဲ့အလုပ်ရှုပ်နေလေရဲ့။နေထက်ကတော့အခန်းထဲမှာပြင်စရာတွေလိုက်ပြင်ရင်းနဲ့အလှလေးကိုလိုက်ကြည့်နေတယ်။ရှိုင်းတောင်သူ့ဦးနဲ့နာရီဝက်ပဲမတွေ့ရတာတောင်အကြာကြီးပဲလို့ခံစားနေရတာ။နေထက်ကအလှလေးနဲ့၅နှစ်တောင်ခွဲရမှာအဲ့လိုဆိုနေထက်ရူးများရူးသွားလေမလား။မခွဲရသေးခင်တောင်လွမ်းနေမိပြီ။အလှလေးနဲ့ဘယ်လိုလုပ်ခွဲရက်ပါ့မလဲ။

နေထက်ကအလှလေးကိုကြည့်နေတဲ့အချိန်မှာပဲအလှလေးကနေထက်ဘက်ကိုလှည့်လာတယ်။ချစ်စဖွယ်ပါးချိုင့်လေးတွေပေါ်အောင်ပြုံးပြီးနေထက်ဆီကိုတစ်လှမ်းချင်းလှမ်းလာတယ်။တီရှပ်အဖြူလက်ရှည်လေးကိုတစ်တောင်ဆစ်အထိခေါက်တင်ထားကာဂျင်းဘောင်းဘီအဖြူရောင်လေးဝတ်ဆင်ထားပြီးကြယ်လိုတောက်ပနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့နေထက်ကိုကြည့်နေတယ်။ဖြူအုတဲ့အသားအရည်ရယ် ပါးဖောင်းဖောင်းလေးတွေရယ်ကအလှလေးနဲ့တကယ့်ကိုပင်လိုက်ဖက်လွန်းလှတယ်။သိပ်ကိုချစ်ဖို့ကောင်းလွန်းလေရဲ့။အဖြူရောင်နတ်သားငယ်ကနေထက်အနားကိုရောက်လာတော့သွားတန်းညီညီလေးတွေပေါ်အောင်ပြုံးကာကြိုးကြာဖြူလေးများတေးသီချင်းသီဆိုနေသလားအောက့်မေ့ရလောက်အောင်ချိုသာတဲ့အသံလေးနဲ့နေထက်နာမည်ကိုခေါ်လာတယ်။

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now