နေထက်တို့လျှောက်လည်မယ့်နေရာကိုရွေးနေကြတယ်။တစ်ယောက်က ကစားကွင်း ၊တစ်ယောက်က ပန်းခြံ၊တစ်ယောက်က shopping ထွက်မယ်နဲ့တစ်ယောက်တစ်ပေါက်ပြောနေကြတယ်။
နေထက်လဲသူတို့ပြောတာတွေနားထောင်ရင်းတစ်နေရာကိုသတိရသွားပြီးဝိုင့်ကိုကြည့်လိုက်တော့ဝိုင်ကပြုံးပြီးခေါင်းငြိမ့်ပြလာတယ်။စကားလုံးတွေအများကြီးမလိုပါဘူးချစ်ရသူမျက်လုံးတွေကိုကြည့်လိုက်တာနဲ့ဘာကိုပြောချင်နေလဲဆိုတာသိနိုင်တယ်။
"မင်းတို့ငြင်းနေကြတာတော်တော့ကွာ.....ငါတစ်နေရာသိထားတယ်အပန်းဖြေဖို့အတွက်အရမ်းသင့်တော်တယ်....မင်းတို့အခုစားချင်တာတွေသွားဝယ်ကြပြီးတော့ရေချိုးချင်ရင်အဝတ်တွေယူခဲ့ကြ"
"ဘယ်နေရာလဲ"
"ရောက်ရင်သိမှာပေါ့....စပ်စုလိုက်တာ"
"ချီးပဲဟေ့ အဝတ်သွားထည့်တော့မယ်"နေထက်ကအလှလေးပါးကိုလှမ်းနမ်းရင်းရှိုင်းကိုမျက်ခုံးပင့်ပြကာပြုံးပြီးပြောလိုက်တော့
ရှိုင်းကနေထက်ကိုလက်ခလယ်ထောင်ပြပြီးအခန်းထဲဝင်သွားတယ်။နေထက်တို့လဲလုပ်စရာရှိတာတွေလုပ်ဖို့ပြင်လိုက်ကြတယ်။နောက်၂နာရီလောက်ကြာတော့လူစုံပစ္စည်းစုံဖြစ်လာတော့နေထက်တို့ကားနှစ်စီးနဲ့ထွက်လာကြတယ်။အတန်ကြာကြောင်မောင်းပြီးတော့အရင်ကအလှလေးကိုခေါ်လာခဲ့ဖူးတဲ့ရေတံခွန်ကိုရောက်လာတယ်။ရေကြည်ကြည်လေးတွေရယ်ရှူ့ခင်းအလှလှလေးတွေကတကယ့်ကိုစိတ်အေးချမ်းမှုကိုရစေတယ်။
"မောင် "
"ဗျာ"
"ငါ့ကိုဓာတ်ပုံလှလှလေးရိုက်ပေးနော်"
"ဟုတ်ကဲ့ပါ ဗျာ ဘယ်နားမှာရိုက်မှာလဲ"
"ရေကျနေတာလေးပါအောင်ရိုက်"
"အင်း မောင်ရိုက်ပေးမယ်စတော့မယ်နော်....1...2....3...ချပ်"
"လှလားမောင်"
"အင်း မောင့်ရဲ့ကိုကိုကသိပ်ချစ်ဖို့ကောင်းတယ်"
"ဟီး ဒါဆို နောက်တစ်ပုံထပ်ရိုက်မယ်နော်"
"အင်း ကိုကို့သဘော"ကားပေါ်ကဆင်းကာပစ္စည်းတွေချပြီးခဏအကြာမှာပဲကကြိုးနဲ့မာန်ကဓာတ်ပုံရိုက်နေကြတယ်။အမူရာတို့မိန်းကလေး၄ယောက်ကတော့စားစရာတွေပြင်နေကြတယ်။ရှိုင်းကဘေးပတ်ဝန်းကျင်ကိုလိုက်ပြီးဓာတ်ပုံရိုက်နေတယ်။နေထက်နဲ့ဝိုင်လဲအမူရာတို့ကိုသွားကူဖို့ပြင်ပေမယ့်သူတို့ကအကူအညီမလိုကြောင်းပြောလာတာကြောင့်နေထက်နဲ့ဝိုင်လဲစိမ်းဆိုလှပတဲ့အပင်တွေကိုလိုက်ကြည့်ရင်းလမ်းလျှောက်လာကြတယ်။
YOU ARE READING
မြတ်နိုးရပါသောအလှလေး