"ရှိုင်းသွေးညီ.....ကိုယ်ခြေတောက်ကိုလွတ်လိုက်"
"မလွတ်ဘူး....ဟွန့်"
"ကိုယ်စိတ်မဆိုးချင်ဘူးနော်"
"ဆိုးချင်ဆိုး....မလွတ်ဘူး"
"ဟူး.....မင်းကအရမ်းဆိုးတာပဲ"
"ကျွန်တော့်လိုဆိုးတဲ့ကောင်ကပဲအကျင့်မကောင်းတဲ့ဦး ကိုချစ်တာလေ"
"ဟာ....ကိုယ်ဘယ်တုန်းကအကျင့်မကောင်းလို့လဲ"
"ကျွန်တော်ကဦးကိုချစ်ပါတယ်ဆို.....ဦးနှလုံးသားကအားနေတာပဲအဲ့တာပြန်ချစ်လိုက်လေ....အဲ့တာကိုမချစ်ပဲနေနေတာ
အကျင့်အရမ်းပုတ်တာပဲ"
"ဟော်တော့.....ဟူး......မင်းနဲ့ပြိုင်ပြောနေလို့လဲကိုယ်နိုင်မှာမဟုတ်ဘူး.....မလွတ်ရင်လဲနေတော့ကွာမင်းပဲနေနိုင်မှာလားကိုယ်ပဲနေနိုင်မှာလားကြည့်ရသေးတာပေါ့ "လွန်းလဲသက်ပြင်းလေးချလိုက်ပြီးကုတင်ပေါ်မှာပဲထိုင်နေလိုက်တယ်။ပြီးတော့ဖုန်းကိုကောက်ကိုင်လိုက်ပြီးကောင်းထက်ကိုခေါ်လိုက်တယ်။
"တီ.....တီ.....တီ"
"ဟယ်လို....သူဌေး"
"ကောင်းထက်.....ဒီညနေအစည်းအဝေးကိုဖျက်လိုက်...ကိုယ်ကိစ္စနဲနဲလေးရှိလို့"
"ဟုတ်ကဲ့ပါ..... သူဌေးစိတ်မပူပါနဲ့ကျွန်တော်ကြည့်လုပ်လိုက်မယ်"
"အင်း....ကိုယ်စိတ်ချမယ်"
"ဟုတ်ကဲ့ပါဗျ "လွန်းဖုန်းချလိုက်ပြီးကြမ်းပြင်ပေါ်မှာတင်ပြင်ခွေထိုင်ကာလွန်းခြေတောက်တစ်ဖက်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ကောင်ငယ်လေးကိုကြည့်နေလိုက်တယ်။
မျက်လုံးမှေးမှေးလေးတွေနဲ့လွန်းကိုမော့ကြည့်လာပြီးလွန်းကသူ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်တော့မျက်နှာဆူပုတ်ပုတ်နဲ့ခေါင်းလေးငုံ့သွားပြီးလွန်းခြေတောက်ပေါ်မှာပါးလေးအပ်ပြီးငြိမ်ငြိမ်လေးထိုင်နေတယ်။
လွန်းကကောင်ငယ်လေးမမြင်အောင်ခိုးပြုံးလိုက်မိတယ်။ဒီကောင်ငယ်လေးကသိပ်ကိုချစ်ဖို့ကောင်းလွန်းတယ်။အရင်အပတ်ကမှသူလေးကို club ကနေအိမ်ကိုခေါ်လာတာ။အဲ့ကနေအိမ်မပြန်တော့ပဲလွန်းအနားကိုအကြောင်းအမျိုးမျိုးပေးပြီးကပ်နေတော့တာပဲ။အရင်နေ့ကလွန်းကိုချစ်ကြောင်းပြောလာတဲ့ကောင်လေးကလွန်းကိုတကယ်ချစ်တာလားစိတ်ကစားတာလားဆိုတာကိုလွန်းလဲမခွဲခြားတတ်ဘူး။ဒီကောင်လေးကအသက်လဲငယ်သေးတာကြောင့်လည်းလွန်းမယုံရဲဘူးဖြစ်နေတယ်။
YOU ARE READING
မြတ်နိုးရပါသောအလှလေး