"ဦးလို့ ကျွန်တော့်ကိုစိတ်ကောက်နေတာလား....ဦးလို့ကျွန်တော်ကစတာလေ....ဦးမကြိုက်ရင်မပြောတော့ပါဘူးနော် "
ရှိုင်းပြောတာကိုဂရုပင်မစိုက်ပဲအလုပ်တွေကိုသာအာရုံစိုက်နေတယ်။ရှိုင်းမျက်နှာငယ်လေးနဲ့ဦးအလုပ်စားပွဲရှေ့မှာထိုင်ပြီးဦးကိုချော့ရာကနေမတ်တပ်ရပ်လိုက်ပြီးဦးထိုင်တဲ့ဘက်ခြမ်းကိုသွားလိုက်တယ်။ပြီးတော့ကြမ်းပြင်ပေါ်ကိုတင်ပျဥ်ခွေထိုင်လိုက်ပြီးဦးရဲ့ခြေတောက်တစ်ဖက်ကိုဖက်ပြီးပါးတစ်ဖက်ကိုဦးပေါင်ပေါ်အပ်ထားလိုက်တယ်။
"ဦးရေ....ဦးရေ.... အလိုလိုက်တတ်တဲ့ဦးရေ....ဦးရေ...... ဦးရေ....ဦးရေ...အလိုလိုက်တတ်တဲ့ဦးရေ"
ကလေးတစ်ယောက်လိုလွန်းခြေတောက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားထားပြီးပါးစပ်ကလဲသီချင်းတစ်ကြောင်းထဲကိုထပ်ခါထပ်ခါဆိုနေတယ်။သိပ်ကိုချစ်ဖို့ကောင်းလွန်းနေတယ်လို့လွန်းထင်မိတယ်။
"ဦးရေ...ဦးရေ "
"တော်ပါတော့ ကွာ မင်းအဲ့တစ်ကြောင်းကိုဘယ်နှခါဆိုနေမှာလဲ "
"ဟမ့် အဲ့ဒါပဲရတာလေဦးကလဲ"
"အသံကလဲမကောင်းဘဲနဲ့ကျီးကန်းအော်ရင်တောင်အဲ့ထက်ကောင်းအုံးမယ် "
"ဟာ....ဦးကလဲဗျာ....ဟွန်း "လွန်းကိုမကြည့်တော့ပဲမျက်နှာလေးဆူပုပ်နေကာလွန်းခြေတောက်ကိုပိုပြီးတင်းအောင်ဖက်ထားနေတယ်။ဒီကောင်လေးကတစ်နေ့တခြားပိုချစ်ဖို့ကောင်းလာတယ်။
လွန်းကောင်ငယ်လေးကိုစိတ်မဆိုးပါဘူး။လွန်းတွေးနေတာကလွန်းရဲ့ပုံစံအမှန်ကိုချပြလိုက်ရင်ဒီကောင်လေးလက်မခံနိုင်မှာပဲစိုးရိမ်ရတယ်။မနက်တုန်းကထမင်းစားတုန်းကကောင်ငယ်လေးကပြောလာတယ်"ဟွန့်ဦးအချိန်အကြာကြီးဆွဲနေရင်ကျွန်တော်တခြားတစ်ယောက်ကိုပြောင်းကြိုက်ပလိုက်မှာနော်"
ကောင်ငယ်လေးရဲ့စကားတွေကြောင့်လွန်းစိတ်ပူလာမိတယ်။ကောင်ငယ်လေးကစိတ်ပြောင်းသွားပြီးတခြားတစ်ယောက်ကိုချစ်သွားရင်ရောလွန်းတိကျတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။
"သွေး......မင်းကိုယ့်ကိုတကယ်ချစ်တာလား"
"အွန်း ချစ်တယ် "
"ကိုယ်ကမကောင်းမှုတွေအများကြီးလုပ်ဖူးတယ်နော်....မင်းအခုမြင်နေသလိုမျိုးကိုယ်ကလူကောင်းမဟုတ်ဘူး....မင်းမမြင်နိုင်တဲ့အမှောင်ဘက်ခြမ်းတွေကိုယ့်မှာအများကြီးပဲ....မင်းအဲ့တာတွေကိုလက်ခံနိုင်မှာမဟုတ်ဘူးလို့ကိုယ်ထင်တယ် "
"ဦးရဲ့အမှောင်ဘက်ခြမ်းကဘယ်လောက်ပင်ဆိုးရွားနေပါစေကျွန်တော်ကဦးကိုပဲချစ်မှာပါ......ရိုးလွန်းရောင်ဆိုတဲ့လူသားကအရာရာမြတ်နိုးဖို့ကောင်းလွန်းတယ်လို့ကျွန်တော့်မျက်လုံးထဲမှာမြင်နေတယ်....ကျွန်တော့်မျက်လုံးတွေကိုဖောက်ထုတ်လိုက်မယ်ဆိုရင်တောင်ကျွန်တော့နှလုံးနဲ့အသက်ဝိဉာဥ်ထဲထိကိုဦးကိုစွဲမြဲစွာမြတ်နိုးနေမိတာကြောင့်ကျွန်တော်သေဆုံးသွားမှသာလျှင်ဦးကိုမေ့နိုင်မယ်ထင်ပါတယ်ဗျာ "
"မင်းစကားအရမ်းတတ်လွန်းတယ်"
"ဦးကိုမြတ်နိုးလွန်းလို့ရင်ထဲကလာတဲ့စကားတွေပါဗျာ "
"ဟွန်း..... ရေသွားချိုးတော့ ကိုယ်နဲ့အပြင်အတူသွားရအောင်ကိုယ်မင်းကိုတစ်နေရာခေါ်သွားမယ်"
"ဘယ်နေရာ လဲဟင်"
"ရောက်ရင်သိမှာပေါ့ကွာ "
"ဟုတ်ပါပြီ ဗျာ"
YOU ARE READING
မြတ်နိုးရပါသောအလှလေး