"ကလင်...ကလင် "
"ကလင်...ကလင် "ဆူညံနေတဲ့ဖုန်းသံကြောင့်ဝိုင်မျက်လုံးတွေကိုအားယူပြီးဖွင့်လိုက်တယ်။ခေါင်းနဲနဲကိုက်ချင်နေသလိုဖြစ်နေတယ်။ဖုန်းကအဆက်မပြတ်မြည်နေတာကြောင့်ဝိုင်လဲဝိုင့်ဘေးကထက်ရဲ့ဖုန်းကိုလှမ်းယူပြီးကြည့်လိုက်တော့ရှိုင်းသွေးညီခေါ်ထားတာကြောင့်ကိုင်လိုက်တယ်။
"ဟယ်လို "
"အေး....ငါခေါ်နေတာကြာပြီဘာလုပ်နေကြလို့မကိုင်တာလဲ "
"ငါတို့ မထသေးလို့ "
"အေးပါကွာ.... ဒါနဲ့သက်တံ့ရောအဆင်ပြေရဲ့လား...မင်းအရမ်းမကြမ်းလိုက်ဘူးမလား "
"ငါကတိမ်သက်တံ့ဝိုင့် "
"ဘာ "ရှိုင်းလက်ထဲကဖုန်းပင်လွတ်ကျသွားတယ်။ငါတော့သွားပါပြီလို့စိတ်ထဲကပြောလိုက်မိတယ်။ပြီးတော့ကျသွားတဲ့ဖုန်းကိုမရဲတရဲကောက်ကိုင်လိုက်တယ်။
"ဟယ်လို "
"ဟီး...သက်တံ့လား "
"အင်း ဟုတ်တယ်... ဒါနဲ့ မနေ့ညတုန်းက ကိစ္စမင်းနဲ့ကကြိုးလုပ်တာမလား "
"ဟုတ်တယ် ငါတို့ကြံလိုက်တာ...နေထက်ကိုတော့စိတ်မဆိုးပါနဲ့ကွာသူကဘာမှတောင်မသိဘူး....ငါမင်းကိုတောင်းပန်ပါတယ်...မင်းမကျေနပ်ရင်ငါ့ကိုရိုက်လဲရပါတယ်ကွာ ...ငါတကယ်တောင်းပန်ပါတယ်.... မင်းငါ့ကိုအရမ်းစိတ်ဆိုးသွားလား....ဟယ်လိုသက်တံ့....ငါပြောတာကြားလား.....မင်းကငါနဲ့စကားတောင်ပြန်မပြောချင်တော့ဘူးလား....ဟူး....ငါ့အသံတောင်မကြားချင်တော့ဘူးထင်တယ်...ငါဖုန်းချလိုက်တော့မယ်နော်...ငါမင်းဆီလာပြီးပြန်တောင်းပန်ပါ့မယ်""မင်းနဲ့ကကြိုးကိုကျေးဇူးတင်ပါတယ် "
"ဟင်....မင်းဘာပြောလိုက်တာလဲ "သက်တံ့ကသူ့ကိုအရမ်းစိတ်ဆိုးပြီးစကားမပြောချင်တော့ဘူးလို့ရှိုင်းထင်မိတာကြောင့်စိတ်မကောင်းဖြစ်သွားပြီးဖုန်းချဖို့ပြင်လိုက်တော့သက်တံ့ပြောလာတဲ့စကားတစ်ခွန်းကြောင့်ရှိုင်းကြောင်သွားတယ်။
"ငါမင်းတို့ကိုကျေးဇူးတင်ပါတယ်လို့ပြောနေတာကွ ....ငါအစကတည်းကမင်းတို့ကြံထားသလိုကြံမလို့ပဲ...ထက်ရဲ့အရာအားလုံးကိုအပိုင်ရချင်ခဲ့မိတယ်...ဒါပေမယ့်ငါသတ္တိမရှိခဲ့ဖူး....မင်းတို့ကကူညီပေးလို့ကျေးဇူးတင်တာပါ "
YOU ARE READING
မြတ်နိုးရပါသောအလှလေး