Part 34 u/z

708 33 0
                                    

လွန်းအိမ်ပြန်ရောက်တော့အိမ်ကြီးကတိတ်ဆိတ်နေတယ်။သွေးညီကအပြင်ထွက်သွားတာများလား။မဖြစ်နိုင်ပါဘူးသွေးညီကအပြင်သွားတော့မယ်ဆိုရင်လွန်းကိုအမြဲအသိပေးနေကျပါ။ကောင်လေးကမနိုးသေးလို့များလား။လွန်းမီးဖိုခန်းထဲဝင်ကြည့်တော့လဲကောင်လေးအတွက်ပြင်ပေးထားတဲ့အစားအစာတွေကအရင်အတိုင်းရှိနေတုန်းပဲမို့လွန်းမျက်မှောင်ကြုတ်လိုက်မိတယ်။ပြီးတော့အိမ်ပေါ်ကိုတက်လာပြီးအခန်းထဲဝင်လိုက်တော့ကောင်လေးကစောင်ပုံလေးထဲမှာလုံးလုံးလေးဖြစ်နေတာကိုတွေ့လိုက်ရတယ်။

လွန်းလဲကောင်လေးအနားကိုသွားလိုက်ပြီးကုတင်အစွန်းမှာထိုင်ကာကောင်လေးခြုံထားတဲ့စောင်ကိုဖယ်လိုက်တယ်။ကောင်လေးကအလိုမကျစွာမျက်မှောင်ကြုတ်ပြီးမှမျက်လုံးဖွင့်လာတယ်။လွန်းကိုမြင်တော့မျက်နှာဆူပုပ်သွားပြီးစောင်ပြန်ဆွဲဲ​ခြုံဖို့လုပ်နေတယ်။လွန်းကလဲစောင်ကိုခပ်တင်းတင်းကိုင်ထားတာကြောင့်ကောင်လေးကဆွဲလို့မရတဲ့အဆုံးလွန်းကိုမျက်စောင်းထိုးလိုက်ပြီးတစ်ဖက်ကိုလှည့်ပြီးပြန်အိပ်ဖို့ပြင်နေတာမို့လွန်းသဘောကျစွာပြုံးလိုက်မိတယ်။

ပြီးတော့လွန်းလဲစောင်ထဲဝင်လိုက်ပြီးအနောက်ကနေကောင်လေးရဲ့ခါးကိုဆွဲဖက်လိုက်တယ်။မျက်နှာကိုကောင်လေးလည်တိုင်မှာအပ်ထားရင်းနှခမ်းတွေကလဲကောင်လေးလည်တိုင်ကိုတဖွဖွလိုက်နမ်းနေလိုက်တယ်။

"သွေးညီ....ဦးကိုစိတ်ကောက်နေတာလား.... ဦးတောင်းပန်ပါတယ်နော်...ဦးအခုတလောအလုပ်တွေရှုပ်နေလို့သွေးညီကိုပြစ်ထားသလိုဖြစ်သွားတာပါ....သွေးညီစိတ်ကောက်နေရင်ဦးရင်ထဲနေလို့မကောင်းတာကိုသိရဲ့နဲ့ကွာ....စိတ်မဆိုးပါနဲ့တော့ကွာ ...နော်.....ဦးတောင်းပန်ပါတယ်ကွာ "
"ဦးကကျွန်တော့ကြောင့်ပင်ပန်းနေပြီလားကျွန်တော်အရမ်းဆိုးနေတာလားဟင် "

ရှိုင်းပေါက်ကရအတွေးတွေဝင်ရင်းဝမ်းနည်းလာတယ်။

"ဟာ...မဟုတ်ပါဘူး ကွယ်...ဦးကသွေးညီကြောင့်ပင်ပန်းစရာလား....ကလေးကမသိသေးဘူးလားကလေးကကိုယ့်ရဲ့စိတ်ချမ်းသာရာလေးကိုယ့်ရဲ့ပျော်ရွင်မှုလေးကိုယ့်ရဲ့ရင်ခုန်သံလေးလေ...ကလေးသာမရှိရင်ဦးကနှလုံးသားမရှိတဲ့စက်ရုပ်ကြီးလိုဖြစ်သွားမှာပေါ့.....ကလေးကအရမ်းမဆိုးပါဘူးကွာပေါက်ကရတွေလိုက်တွေးမနေနဲ့တော့...ကလေးကဆိုးရင်ဦးကပိုချစ်တယ်....ဟုတ်ပြီလား ဦးကိုချစ်တယ်မလား "

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now