part 13 u/z

732 42 4
                                    

"ဟေ့ကောင်တွေ ဒီနေ့ငါတို့အတန်းလစ်ကြရအောင်"
"ဆရာကောင်းအချိန်မလား"
"ဟုတ်တယ် "
"ဒါဆို လစ်ကြရအောင်လေ အဲ့ဆရာဆိုရင်ဘာမှပြောမှာမဟုတ်ဘူး"
"အေး နေထက်မင်းနဲ့သက်တံ့ရောလိုက်မှာမလား"

ကကြိုးနဲ့ရှိုင်းကပြောပြီးနေထက်နဲ့ဝိုင့်ဘက်ကိုလှည့်ပြီးမေးလာတယ်။နေထက်လဲအလှလေးကိုကြည့်လိုက်တယ်။

"ဝိုင်သွားမှာလား"
"အင်း သွားမယ် ငါလဲ ပျင်းနေတာ"
"ဒါဆို သွားကြမယ် လေ"

တစ်ချိန်ပြောင်းသွားတော့နေထက်တို့ကန်တင်းဘက်ကိုထွက်လာလိုက်တယ်။

အခုနေထက်တို့ပထမနှစ်တက်နေတာ၂ပတ်လောက်ရှိနေပြီ။နေထက်တို့၅ယောက်လုံးကစီးပွားရေးမေဂျာကိုပဲယူကြတယ်။

ကျောင်းတက်တုန်းကလဲနေထက်ကရှိုင်းတို့ရှိနေတာမို့အိမ်ကနေမတက်ပဲအဆောင်မှာပဲသူတို့နဲ့အတူလာနေတယ်။

နေထက်အိမ်မှာလာနေဖို့ခေါ်ပေမယ့်လူကြီးတွေရှိတော့အားနာတာမို့သူတို့နှစ်ယောက်ကအဆောင်မှာပဲသွားနေတယ်။၃ယောက်သားတိုက်ခန်းငှားနေဖို့ကြံပေမယ့်အိမ်ကလူတွေကကလေးတွေပဲဆိုတော့စိတ်မချဘူးဆိုလို့အဆောင်မှာပဲသွားနေကြတယ်။

အခုတက္ကသိုလ်ရောက်လာတော့နေထက်တို့ကမခွဲချင်ကြတာကြောင့်နေရမယ့်နေရာဆွေးနွေးကြတော့ဝိုင်ကသူ့ဦးလေးအိမ်မှာလာနေကြဖို့ပြောတယ်။
ဝိုင့်ဦးလေးကတစ်ခါတစ်လေမှာလာတာဆိုတော့အားလုံးလဲနေရမခက်တော့ဘူးလေ။
အဲ့လိုနဲ့အားလုံးကဝိုင့်ဦးလေးအိမ်မှာပဲလာနေကြတယ်။

ဝိုင့်ဦးလေးအိမ်မှာကအခန်းစုစုပေါင်းအခန်းခြောက်ခန်းရှိတယ်။အိပ်ခန်း၃ခုရယ်ပစ္စည်းတွေထားတဲ့အခန်းတစ်ခန်း၊ဘုရားခန်းတစ်ခန်း၊မီးဖိုခန်းတစ်ခန်းရှိတယ်။
ပစ္စည်းတွေထားတဲ့အခန်းမှာတော့ဒေါ်လှခင်နဲ့ဦးထွန်းလှတို့လင်မယားနှစ်ယောက်နေတယ်။

သူတို့ကအဲ့အိမ်ရဲ့သန့်ရှင်းရေးနဲ့အချက်အပြုတ်တွေကိုလုပ်ကြတယ်။ကြီးခင်နဲ့ဦးထွန်းနှစ်ယောက်လုံးကဖော်ရွေကြတာကြောင့်ခနအတွင်းမှာပဲအားလုံးနဲ့ရင်းနှီးသွားကြတယ်။
သားသမီးမရှိတဲ့ဦးထွန်းတို့လင်မယားနှစ်ယောက်ကနေထက်တို့၅ယောက်ကိုသားအရင်းလိုဂရုစိုက်ပြီးချစ်ပေးကြတယ်။

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now