နှလုံးသားမှာ ဆူး (Extra)

16.5K 773 32
                                    

ပြတင်းပေါက်မှတစ်ဆင့် အဝေးဆီမှမှိုင်းပျပျတောင်တန်းကြီးများနှင့် ကောင်းကင်ပေါ်မှမပြတ်ကျဆင်းနေသောမိုးစက်များကို ငေးကြည့်၍ တစ်ယောက်သောသူလေးအား သိပ်ကိုလွမ်းဆွတ်လာမိ၏။မသိမသာသက်ပြင်းအသာချကာ ရှေ့မှာရှိနေသည့် အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်လေးကို လက်ဖဝါးနှစ်ဘက်နှင့်အုပ်ကိုင်၍ အနွေးဓာတ်ကိုခံစားနေမိသည်။

"မိုးကလည်း ဒီအတိုင်းကြီးပဲသွားတော့မှာလားမသိဘူး...."

ကျောဘက်ဆီမှ အသံပိုင်ရှင်ရှိရာသို့ မျက်နှာလှည့်၍ သော်လေးနှာခေါင်းတစ်ချက်ရှုံ့ပြလိုက်မိသည်။

"နင့်မျက်နှာကြီးကို အခုလိုလုပ်မထားစမ်းပါနဲ့သော်ဝတီဦးရယ်။မယားပူမိနေမှန်းသိပါတယ်ဟ။အဲ့လောက်ကြီးထိ အချိန်ပြည့်ကြေညာမနေစမ်းပါနဲ့ "

အိမ်သူပြောလိုက်သောစကားကြောင့်ပင် ထိန်းထားသည့်အလွမ်းစိတ်များက တရိပ်ရိပ်ပိုတိုးလာကာ ရင်ဘတ်ထဲမှာ ပြည့်ကျပ်လာ၏။တစ်ဆက်တည်းခံစားလိုက်ရသည်က မျက်ဝန်းထဲမှာ ပြည့်လျှံချင်လာသောမျက်ရည်များပင်။

"ငါမှားပါတယ်ဟယ်.....နင့်ကိုဘာမှမပြောတော့ပါဘူး....တောင်တွေကိုပဲ ငေးပြီးဆွေးနေတော့ "

အခန်းထဲမှ အိမ်သူထွက်သွားသည့်အခါ ငိုချင်နေသည့်စိတ်ကိုထိန်း၍ မိုးရေစက်တို့လွှမ်းခြုံနေသည့် တောင်တန်းကြီးများကိုသာ ခပ်တွေတွေငေးကြည့်နေမိသည်။
တောင်တန်းတွေ၊မိုးရေစက်တွေကို နှစ်သက်ပေမယ့် ယခုအချိန်မှာတော့ အလွမ်းစိတ်တို့ကြီးစိုးနေသောကြောင့် မြင်တွေ့နေရသည့်ပတ်ဝန်းကျင်ကပင် သူ့ကိုပို၍ခံစားနေရစေသည်။

"မမဟံသာတောင်ပြန်လာပြီ။အခြေအနေကဘာတဲ့လဲဟင် ပြန်ဖြစ်မှာလား "

"မိုးကဒီလောက်ထိရွာနေတာဆိုတော့ ကားလမ်းတွေက အဆင်မပြေသေးဘူးတဲ့။ရက်ပိုင်းလောက်စောင့်ရဦးမယ်ထင်တယ်။ဒါပေမယ့် သူတို့ဘက်က အမြန်ဆုံးအဆင်ပြေအောင်လုပ်ပေးပါ့မယ်တဲ့ "

အခန်းအပြင်ဘက်မှ သော်လေးတို့ဆေးအဖွဲ့၏ခေါင်းဆောင် မမဟံသာ့အသံကြောင့် ထိုင်နေရာမှထကာ သူတို့ဆီထွက်လာခဲ့သည်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now