အပိုင်း -- ၄၁

12.8K 970 64
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

သူမတိတ်ဆိတ်ငြိမ်သက်စွာအိပ်ပျော်နေသောအခန်းထဲသို့ ယိုင်နဲ့သောခြေလှမ်းများနှင့် သော်လေးဝင်လာမိသည်။

ယခင်ကအချိန်ပြည့် သူအမြတ်တနိုးနမ်းရှိုက်ခဲ့ရသော မျက်နှာလှလှလေးက ဆေးသွင်းမှုများကြောင့် ပင်ပန်းနေကြောင်းပေါ်လွင်စွာ နွမ်းလျနေလေ၏။

သော်လေး သူမဘေးနားရပ်လိုက်ကာ သုံးထားသည့်ဆေးများ မှန်မမှန်စစ်ဆေးလိုက်ပြီး ကုတင်ဘေးတွင်ရှိသည့် ထိုင်ခုံလေးတွင်ထိုင်လိုက်သည်။ oxygen ပိုက်တပ်ထားသည့်သူမမျက်နှာလေးအား ဝေဝါးနေသောအကြည့်များဖြင့် ငေးကြည့်နေမိသည်။

"ဘာလို့လဲဟင်....မမကိုမကာကွယ်နိုင်ခဲ့လို့ စိတ်ဆိုးပြီး အကြာကြီးအိပ်နေဖို့ဆုံးဖြတ်လိုက်တာလား "

ကုတင်ပေါ်တွင်မလှုပ်မယှက်ရှိနေသော သူမလက်ကလေးအား သော်လေးဆုပ်ကိုင်လိုက်ပြီး သူမလက်ဖဝါးလေး၌ပါးအပ်ကာ

"မမကညစ်ပတ်တာမကြိုက်ဘူးလေ....ဟုတ်တယ်မလား...ဒါပေမယ့် ဦးကအခုအရမ်းညစ်ပတ်နေတယ်...မနေ့ကလည်းရေမချိုးရဘူး....ဒီနေ့လည်းရေမချိုးရဘူး....အဝတ်အစားတွေဆိုတာလည်း မနေ့ကအတိုင်းပဲ မယုံရင်နမ်းကြည့်ပါလား....မျက်နှာမှာဖုန်တွေနဲ့ပြည့်ပြီး ဂျီးတောင်တက်နေပြီ "

ပြောလည်းပြော သူ့မျက်နှာအား သူမမျက်နှာအနီးသို့တိုးကပ်လိုက်၏။

"အဲ့ဒါကြောင့် ညစ်ပတ်အိုးလေးကိုမမကဆူရမယ်လေ....နော်....နော်လို့....ထပါနော်....ဦးကိုရန်ထောင်ပြီးတော့ စိတ်ဆိုးပါဦး "

ဝင်လေထွက်လေသာရှိနေသော သူမမျက်နှာလေးအား သော်လေးမျက်ရည်များစီးကျလျက် ငေးကြည့်နေမိသည်။

"နှလုံးသားကအရမ်းနာတယ်မမရဲ့...ဦးလေ....ဦးမငိုဘဲနဲ့ မျက်ရည်တွေပဲကျနေတယ်....မျက်ရည်တွေကလေ....လုံးဝကိုမရပ်ဘဲနဲ့ကျနေတာ....ဟား...မရတော့ဘူး ရင်ဘတ်ထဲမှာအရမ်းနာတယ်....မမကိုအခုလိုမြင်နေရတာ ရင်ဘတ်ကြီးကအရမ်းနာတာပဲဗျာ "

သော်လေးဆုပ်ကိုင်ထားသည့်လက်ကလေးအားလွှတ်ချလိုက်ပြီး သူမရှိရာအရပ်ကိုကျောခိုင်းကာ နံရံသို့မျက်နှာမူ၍ဒူးတုပ်ထိုင်ချလိုက်မိပြန်သည်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now