အပိုင်း -- ၂၆

15.9K 1K 53
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"အ....ကျွတ်...ကျွတ်"

နောက်ကျောနှင့်ခါးမှ နာကျင်မှုတွေကြောင့် မြတ်ယွန်းအသံထွက်အောင်ပင် ညည်းတွားမိလိုက်သည်။စူးရှနေသောအလင်းရောင်ကြောင့် မျက်ဝန်းအစုံကိုဖွင့်ကြည့်လိုက်တော့ ပြာလဲ့လဲ့ကောင်းကင်ပြင်ကြီးက မြင်ကွင်းထဲကိုဝင်ရောက်လာ၏။သေချာပြန်စဉ်းစားကြည့်တော့မှ မနေ့ညကအဖြစ်အပျက်များက ခေါင်းထဲမှာအစီအရီဖြင့် စိတ်ပျက်စရာကောင်းလောက်အောင် ပြန်တွေးမိလာသောကြောင့် ခေါင်းကိုခါရမ်းလိုက်ကာ ဘေးကနံရံအား လက်ဖြင့်သေချာကပ်ထားလိုက်ပြီး ခန္ဓာကိုယ်ကိုထိန်း၍ မတ်တတ်ရပ်လိုက်သည်။

"အ....ခါးကနာလိုက်တာ....တစ်ညလုံးဒီအတိုင်းအိပ်ပျော်သွားတာဆိုတော့ လေမဖြတ်တာတောင်ကံကောင်း.... သူရောထသွားပြီလားမသိဘူး"

မနက်လင်းလင်းချင်း ထိုကလေးအကြောင်းလေးခေါင်းထဲပေါ်လာသောကြောင့် မြတ်ယွန်းပြုံးလိုက်မိပြန်သည်။သိချင်စိတ်နှင့်အတူ သူမရှေ့တွင်ပိတ်လျက်ရှိနေသောတံခါးအားဖွင့်ကြည့်တော့ မနေ့ညကအတိုင်းအထဲကနေ Lock ချထားတုန်းပင်။လက်ကနာရီကိုကြည့်မိတော့ ခုနစ်နာရီထိုးတော့မည်....မြတ်ယွန်းဘာမျှဆက်တွေးမနေတော့ဘဲ တံခါးခေါက်လိုက်သည်။

"ဦး....မထသေးဘူးလားခုနစ်နာရီထိုးတော့မယ်.....ဆေးရုံသွားရဦးမှာမလား.... ထတော့လေ "

အပြင်ဘက်ကနေသာ တံခါးခေါက်ကာအော်ခေါ်နေပေမယ့် အိမ်ထဲကဘာတုန့်ပြန်မှုမှရောက်မလာ။

"ရေချိုးခန်းများဝင်နေသလား "

ပြောသာပြောရတာ ဒီအိမ်လေးထဲရေချိုးခန်းရှိလား၊မရှိလားမြတ်ယွန်းမသိ။

"ဦးရေ မနိုးသေးဘူးလား....ထတော့လေ ဆေးရုံသွားရဦးမှာမလား "

အပြင်ဘက်ကနေ တံခါးကိုခေါက်ရုံတင်မကဘဲ ထုကာခေါ်နေပေမယ့် ဘာတုံ့ပြန်သံမှမကြားရတော့ မြတ်ယွန်းစိတ်ပူလာရပြီ.....ပုံမှန်ဆိုလျင် ဒီလောက်အထိဆူဆူညံညံအသံပင်လုပ်စရာမလို ပုံမှန်တံခါးခေါက်ရုံနှင့်ပင် တုံ့ပြန်သံပေးတတ်သောကလေးက အခုတော့လုံးဝကို တိတ်ဆိတ်စွာနေနေသောကြောင့် မြတ်ယွန်းအသံကုန်အော်လိုက်မိသည်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now