အပိုင်း -- ၄၂

12.5K 952 73
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ရပ်....ရပ်ပါဦး ကလေးရဲ့....မမမောလာပြီ"

သူမလက်အားဆွဲကာ လူနာခန်းထဲကနေပြေးထွက်လာခဲ့သည်မှာ ဘယ်ကိုရောက်လာမှန်းပင်မသိတော့။မောဟိုက်သလိုပြောလာသော သူမအသံလေးကြားကာမှ သော်လေးပြေးနေသည်ကိုရပ်လိုက်ရသည်။

ဘေးကနေ သူ့အားပြုံး၍ကြည့်နေသည့် ဖြူလွှလွှမျက်နှာလေးအာတမေ့တမောစိုက်ကြည့်နေရာမှ နှလုံးသားတစ်ခုလုံးစုတ်ပြတ်သတ်နေသည်ဟု ထင်ရလောက်အောင်နာကျင်လာရသည်။သို့ပေမယ့် ထူးဆန်းတာတစ်ခုက အရင်လိုတားမရဆီးမရမျက်ရည်များ ကျဆင်းမလာခြင်းပင်။

"ဘယ်တွေသွားနေတာလဲ.....ဘာလို့အကြာကြီးပစ်ထားတာလဲ....မမ မရှိရင် ကျွန်မအဆင်မပြေဘူးဆိုတာကိုသိရက်နဲ့ "

"ဟုတ်ပါပြီ အဲ့ဒီအတွက် မမကတောင်းပန်တယ်နော်....."

သူမနှုတ်ဖျားမှ ပထမဆုံးထွက်လာသည်ကတိုးလျလျစကားသံလေးသာ။
သော်လေးဘေးနားဖြတ်သွားသော လူများကိုကြည့်နေရင်းမှ သူတို့နှစ်ဦးနှင့်မတူညီသည့်အရာများကို သတိထားမိလာသည်။

"မမ....ဘာလို့....ဘာလို့အခုလိုဖြစ်နေရတာလဲ ဘာလို့အရိပ်တစ်ခုလို....မဟုတ်သေးဘူး ဘာလို့အခုလို တစ်ခြားလူတွေနဲ့မတူရတာလဲ....မဟုတ်မှ ဦးတို့ကသေသွားပြီလား "

"မမက...."

"မသိတော့ဘူးကွာ သေတယ်ဆိုလည်းဂရုမစိုက်တော့ဘူး....ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲဆိုတာမသိဘူးလား ရက်ရက်စက်စက်နဲ့အကြာကြီးပစ်ထားရက်တယ် "

သော်လေးဘာမှစဥ်းစားမနေတော့ဘဲ လွမ်းနေခဲ့ရသမျှအတိုးချကာ သူမအားတင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။

"ချစ်တယ်နော်...မမကိုလက်မလွှတ်ပါနဲ့....ပြီးတော့မငိုပါနဲ့ ဦးရဲ့ငိုကြွေးသံတွေကြားတိုင်းမမနာကျင်ရတယ်....မမဘေးမှာ ဦးရှိနေပေးမှဖြစ်မှာ "

"ဘာ....ဘာလို့လက်လွှတ်ရမှာလဲ.....မမက ဦးဘေးမှာပဲနေရမှာ မမဘေးမှာ ဦးကအမြဲရှိနေပေးမှာ....."

သော်လေးသူမအားဖက်ထားသည်မှာတင်းတင်းကျပ်ကျပ်။ဆေးရုံကော်ရစ်တာမှာ ဟိုဒီလျှောက်သွားနေကြသောလူများ သူမတို့နှစ်ဦးခန္ဓာကိုယ်အား ဖြတ်လျှောက်သွားကြသော်လည်း ထိုအတိုင်းရပ်နေဆဲပင်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now