အပိုင်း -- ၂၈

15.7K 1.1K 78
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ပြောထက်လွန်း.... "

".............................."

"အင်း အခုလာခဲ့မယ် "

ထက်လွန်းဖုန်းဆက်သောကြောင့် သော်လေးအစည်းဝေးခန်းသို့အပြေးလာခဲ့လိုက်သည်။ တံခါးဖွင့်ကာဝင်သွားလိုက်တော့ ဆေးရုံအုပ်ကြီးနှင့်အတူ....Cardiology ဌာနတွင်ရှိသောဆရာဝန်များ....ကိုယ့်ထက်ရာထူးကြီးသူတွေရှိသောကြောင့် သော်လေးခေါင်းငုံ့ကာဖြင့် ထက်လွန်းနှင့်အိမ်သူထိုင်နေရာဘေးတွင်သွားကာထိုင်လိုက်သည်။

"ဘာလို့အစည်းအဝေးခေါ်တာလဲ "

"သိချင်ရင်သွားမေးပါလား"

သူကထက်လွန်းကိုမေးပေမဲ့ ဘောက်ဆတ်ဆတ်ဖြေလိုက်သည်ကအိမ်သူ....။

"ဘာဖြစ်နေတာလဲအိမ်သူ"

"အရှေ့ပေါက်ကနေဝင်လာပြီးတော့ ရှေ့ဆုံးတန်းမှာထိုင်နေတဲ့သူတွေကို မတွေ့ခဲ့ဘူးလား "

"ဘယ်သူတွေလဲ....မတွေ့ခဲ့ပါဘူး "

သော်လေးပြောနေရင်းကပင် ထိုင်ခုံမှကိုယ်ကိုအနည်းငယ်ကြွ၍ အရှေ့သို့ကုန်းကြည့်လိုက်မိသော်လည်း....ထိုင်ခုံပေါ်ပြန်၍ဆောင့်ဆွဲချလိုက်သောအိမ်သူ

"အ....နာတယ်အိမ်သူရဲ့ "

"နည်းနည်းလေးလောက်အိန္ဒြေဆည်ပါဦးလား....အဲ့လောက်တောင်ကြည့်ချင်နေတာလား"

"ဘယ်သူတွေလဲလို့လေ "

"နင်တို့နှစ်ယောက်တိတ်တိတ်နေကြစမ်းပါ....ပွစိပွစိနဲ့နားတွေကိုညည်းနေတာပဲ တော်ကြာနေ ပါမောက္ခကကြားလို့လာငေါက်နေဦးမယ်....သော်လေးလည်ကနာငြိမ်ငြိမ်နေ....အိမ်သူကလည်း မမြင်ပါဘူးပြောနေတဲ့လူကိုပြသနာရှာမနေနဲ့ "

"သူကငါ့ကိုဒေါသထွက်အောင်လုပ်နေတာလေ "

"ကိုယ်ဘာလုပ်လို့လဲ...."

"ကဲတော်ကြပါတော့လို့ပြောနေရင်ဟာ...."

"ဒေါက်တာသော်ဝတီဦး....."

သုံးယောက်လုံး၏အကြည့်များက ဆေးရုံအုပ်ကြီးဘေးတွင်ထိုင်နေသော သူမတို့၏ပါမောက္ခကြီး ဒေါ်စန်းစန်းရှိရာဆီရောက်သွားရ၏။သော်လေးမဆိုင်းမတွပင်မတ်တပ်ထရပ်လိုက်သည်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now