အပိုင်း -- ၂၃

17K 1.1K 146
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

ယခုအခြေနေတွင်တော့ မြတ်ယွန်းအသက်ရှူ ကျပ်ချင်နေမိသည်။ သူမဘေးနားကမခွာသောဉာဏ်ပြည့်လျှံနှင့် သူမကိုစူးစိုက်ကြည့်ကာ အကြည့်ချင်းစုံလျင်စစ်ခင်းတတ်သေးသောကလေးကြောင့် အငွေ့ပျံကာပျောက်ကွယ်ချင်စိတ်တောင်ပေါက်နေရပြီ ။

Medical သမားတွေက လိပ်ပြာပြတိုက်ထဲရောက်သွားလေပြီ။သူမတို့ကအခုချိန်ထိ သစ်ခွပင်တွေကြားမှာပင် သံသရာလည်နေတုန်းသာ။

"သော် ဒါလေးနဲ့ရောရိုက်ပေးဦး "

Camera လေးလည်ပင်းဆွဲကာ မနားတမ်း Photographer လုပ်ပေးနေသောသော်ဝတီဦး ရိုက်မိသမျှပုံတွေဟာ အပင်များနှင့်မြတ်ယွန်းပုံများသာ။ မြင်ကွင်းတစ်ခုချိန်လိုက်တိုင်း သူမတို့ရှေ့ကနေလျှောက်နေသော မြတ်ယွန်းကျောပြင်များသာ ပုံစံအမျိုးမျိုးဖြင့်မှတ်တမ်းတင်နေမိသည်ကို အိမ်သူသိလျင် ကွိုင်အကြီးကြီးတက်မည်မှာဧကန်မုချ ။

"သော် ဒီအပင်လေးနဲ့ရိုက်ပေးဦးလို့ "

ဘေးကနေချွဲနွဲ့ကာခေါ်နေသော သူ့ချစ်သူမောင့်ရွှေအိမ်သူ

"Ok...Ok...ကိုယ့်ချစ်သူလေးကို လှလှလေးရိုက်ပေးမယ်နော် "

ဟိုတစ်ယောက်မကြားကြားအောင် High note ဖြင့် Tempo မြှင့်ကာ သော်လေးပြောလိုက်သော်ငြားလည်း အချည်းနှီးပင်။ ရှေ့ကနေလှည့်မကြည့်ရုံတင်မက သူမကိုလုံးဝကိုဂရုမစိုက်တာပါ။စတွေ့ကတည်းက ဉာဏ်ပြည့်လျှံနှင့်သာအတူတွဲလျှောက်နေတာ အခုလည်းသစ်ခွပင်တွေနဲ့ပတ်သက်ပြီး ဟိုလူမေးသမျှဖြေနေသည်ထင်၏။

"လင်းငယ်က သစ်ခွပန်းတွေအကြောင်းတော်တော်သိတယ်ထင်တယ် "

ဘေးနားကမခွာဘဲ သူမလုပ်သမျှလိုက်ကြည့်ကာမေးနေသော ထိုဆရာဝန်ကြောင့်
ကိုယ့်ရင်ဘတ်ကိုလက်ညှိုးလေးဖြင့်ပြန်ထိုးလိုက်ပြီး

"ကျွန်မကလား....သစ်ခွပန်းအကြောင်းသိမှာ....ဘာလို့အဲ့လိုထင်ရတာလဲကိုဉာဏ်ပြည့်လျှံ "

"ပန်းတစ်ပွင့်ကို ညှာတံကနေအစ သေချာစိုက်ကြည့်တတ်လို့လေ "

ထိုလူ့အပြောကြောင့် မြတ်ယွန်း အသံထွက်အောင်ပင်ရယ်မောမိလိုက်သည် ။

နှလုံးသားမှာ  ဆူးWhere stories live. Discover now