အပိုင်း -- ၇

16.5K 1K 15
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

''ဘာပြောချင်လို့လဲမသူဇာ''

သူမအားဆေးလာပို့ပေးပြီး မသွားသေးဘဲ စာကြည့်နေသောစားပွဲဘေးတွင် မတ်တပ်လာရပ်နေသောကြောင့် မြတ်ယွန်းမေးလိုက်မိသည်။

''Batten တွေကို ဘာလို့လွှင့်ပစ်ခိုင်းတာလဲဟင် ငယ်လေး''

ဆေးသောက်ပြီး ရေဖန်ခွက်အားစားပွဲပေါ်အသာပြန်ချလိုက်ကာ မသူဇာနှင့်မျက်နှာချင်းဆိုင်လိုက်ပြီး

“ဦးကိုထိခိုက်စေမိလို့လေ။ ဦးကိုနာကျင်အောင်လုပ်မိတဲ့အရာမှန်သမျှ မျက်စိရှေ့မှာကိုမမြင်ချင်တာ''

''မသူဇာမေးချင်သေးတယ် ငယ်လေး''

''ဘာကိုလဲဟင်''

''ဘာလို့ခက်ထန်ချင်ယောင်ဆောင်တာလဲ ''

ထိမိလှတဲ့မေးခွန်းပါပဲ။မြတ်ယွန်းပုံစံနှစ်မျိုးနှင့်နေမိသလိုဖြစ်နေပါပြီ။ငယ်စဉ်ကတည်းကပင် ဘေးနားရှိနေပေးခဲ့သောမသူဇာက မြတ်ယွန်းအကြောင်းအကုန်သိသည်။

ပုံမှန်ဆိုလျင် လေပြည်အေးလေးနှင့်နူးညံ့သိမ်မွေ့သည့်မြတ်ယွန်းလင်းငယ်ဟာ သော်ဝတီဦးဘေးနားမှာရှိနေပြီဆိုလျင် ခက်ထန်မာကျောသည်၊ရဲရင့်သည်၊မောက်မာသည်။သူမဘာကြောင့်ပြောင်းလဲသွားသည်လဲဆိုတာ ယခုတော့မသူဇာမေးခွန်းထုတ်လေပြီ ။

''ပျော့ညံ့တဲ့သူအဖြစ်မြင်မှာစိုးလို့''

''ဘယ်လို ''

''ဟုတ်တယ်မသူဇာ။ဦးက ငယ်လေးကိုပျော့ညံ့တဲ့သူအဖြစ်မြင်မှာစိုးလို့။ ငယ်လေးထက်ပိုပြီး တခြားသူတစ်ယောက်ကို အထင်ကြီးသွားမှာ၊အားကိုးချင်သွားမှာစိုးလို့ ''

''မီးလေးကြောင့်ပေါ့ဟုတ်လား''

''အင်း....သူ့ရှေ့မှာဆို ငယ်လေးဘယ်သူ့ကိုမှ အကြင်နာတရားရှိမပြချင်ဘူး။သူသိတဲ့ငယ်လေးက ခက်ထန်တယ်၊မာကျောတယ်၊မောက်မာတယ်၊ အငြိုးကြီးတယ်၊ လိုချင်တာကိုရအောင်ယူတတ်တယ်၊ အဲ့ဒီလိုပဲမြင်စေချင်တယ် ''

''ငယ်လေး !!! ''

အလန်းတကြားအသံဖြင့် ခေါ်လိုက်သောမသူဇာကြောင့်

နှလုံးသားမှာ  ဆူးWhere stories live. Discover now