အပိုင်း -- ၂၅

16.2K 1.1K 94
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ကဏန်းမဆလာကအရမ်းစပ်တယ်အိမ်သူ....အများကြီးမစားနဲ့ဗိုက်အောင့်နေမယ် "

"သိပ်မစပ်ပါဘူးသော်ရယ်..... သော်ကအစပ်မစားနိုင်လို့ အရမ်းစပ်တယ်ထင်ရတာပါ "

သော်လေးသူမအားဘာမှဆက်မပြောတော့ဘဲ ထမင်းသာဆက်စားနေလိုက်သည်။
မနက်ကအတူတူမနက်စာမစားလိုက်ရလို့ နေ့လယ်စာကိုတီလေးဆိုင်မှာလာစားတာ.... မှာထားသမျှဟင်းပွဲတိုင်း အစပ်တွေချည်းပဲ ငရုတ်သီးကိုမလွတ်။ပြောပြန်ရင်လည်းကိုယ်ကအစပ်မစားနိုင်လို့ အရမ်းစပ်တယ်ထင်နေတာက အပြောခံရသေး။

"ညနေ operation ဝင်ရမှာဆို "

သူမမေးခွန်းအား သော်လေးရေသောက်နေသောကြောင့် ခေါင်းပင်ညိတ်ပြလိုက်ရသည်။

"What Case "

"နှလုံးအဆို့ရှင်....တီချယ်ကြီးကိုင်မှာပါ....ကိုယ်ကအရံသဘောမျိုးပညာလိုက်ယူရုံတင် "

"ဘယ်အချိန်ပြီးမှာလဲ "

"ညနေလေးနာ......"

"မီးလေး.... "

သော်လေးစကားရပ်သွားရသည်က Lunch Box ကိုင်ကာ ဘေးနားရောက်လာသောတီလေးကြောင့်

"ဘာဖြစ်လို့လဲတီလေး "

"စားပြီးရင်ဆေးရုံတန်းပြန်မှာမလား "

"ဟုတ်တယ်လေ "

"အဲ့ဒါဆို ဒါလေးငယ်လေးဆီဝင်ပို့ပေး "

ဗုဒ္ဓေါ....အိမ်သူပါနေတာကို မမဆီဘယ်လိုဝင်ရမှာလဲ။

"တီလေးကလည်း ကိုယ့်ဘာသာကိုယ်သွားပို့လိုက်ပါလား "

"တီလေးကအရေးကြီးအစည်းဝေးသွားတက်စရာပေါ်လာလို့ပါ....ဆိုင်တောင်ဒီတိုင်းထားခဲ့ရမှာ....လမ်းကြုံနေတာပဲမီးလေးရယ်....ငယ်လေးကအစာအိမ်ဖြစ်ထားတာဆိုတော့ အချိန်မှန်မှန်စားရမှာပေါ့ ဝင်ပို့ပေးပါနော် "

"ဟုတ်သားပဲသော်ရယ်....တီလေးကတကယ်အဆင်မပြေလို့ အကူညီတောင်းတာကို ယူခဲ့လိုက်ပါ....သော်မပို့ချင်ရင်အိမ်သူပို့ပေးမယ်လေ....ဘယ်ကိုပို့ပေးရမှာလဲတီလေး "

"AYA ကိုပါသမီးရယ် မြတ်..."

"တော်ပြီတော်ပြီ....မီးလေးပဲယူသွားတော့မယ် အချိန်မီရောက်ရင်ဖြစ်တယ်မလား "

နှလုံးသားမှာ  ဆူးWhere stories live. Discover now