အပိုင်း -- ၃၈

14.6K 954 43
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"လုပ်စရာရှိတာသွားလုပ်တော့ဆရာမ...."

သူမခွင့်ပြုချက်ရသည်နှင့် အခန်းထဲကထွက်ရန်ပြင်နေသော သူနာပြုဆရာမလေးလက်ကို အိမ်သူဆွဲလိုက်ပြီး

"ဒီကိစ္စကိုဒီမှာပဲထားခဲ့ပါနော်....သိတယ်မလား "

"ဟုတ်ကဲ့ဒေါက်တာအိမ်သူ "

သူနာပြုဆရာမလေး ရုံးခန်းတံခါးပိတ်ကာထွက်သွားသည်နှင့် ဒေါက်တာဥာဏ်ပြည့်လျှံနှင့်မျက်နှာချင်းဆိုင်တွင် သူမထိုင်လိုက်သည်။

"ပြောစရာရှိတာ အားမနာတမ်းပြောပါကိုဥာဏ်"

သူရင်းနှီးခဲ့ရသော မောင့်ရွှေအိမ်သူဆိုတာ ယခုသူ့ရှေ့တွင်ထိုင်နေသည့် အမျိုးသမီးဖြစ်သည်ဆိုတာ ဥာဏ်ပြည့်လျှံမယုံချင်။
အမြဲပြုံးနေတတ်သော နူးညံသိမ်မွေ့သည့်အမျိုးသမီးလေးက သူ့ရှေ့မှာခြေချိတ်ကာထိုင်နေ၏။နူးညံ့သိမ်မွေ့မှုဆိုတာလည်း သူမမျက်နှာထက်မှာရှာမတွေ့။ဝတ်စားဆင်ယင်ထားပုံနှင့်အပြင်အဆင်ကလည်း မာနတရားကိုဖော်ပြနေသလို။

"ဘယ်လိုတွေဖြစ်ကုန်တာလဲ အိမ်သူ....ဒီပုံစံကရောဘာလဲ "

"ဘာရမှာလည်း....ကျွန်မရဲ့ပင်ကိုယ်စတိုင်လ်ပဲလေ "

သူမစကားကြောင့် ဥာဏ်ပြည့်လျှံစိတ်လျှော့လိုက်ကာ

"ကောင်းပါပြီ...မင်းရဲ့ personal ပဲ အစ်ကိုမစွက်ဖက်ပါဘူး...ဒါပေမယ့် အစ်ကို့ရဲ့ personal ကို မင်းကဝင်စွက်ဖက်ထားတယ်...ဘာ့ကြောင့်အခုလိုလုပ်ရတာလဲ.... "

"မုန်းလို့....."

"ဘာ....."

သူ့မျက်လုံးအားစေ့စေ့ကြည့်ကာာပြောလာသောသူမစကားကြောင့် ဥာဏ်ပြည့်လျှံ အာမေဋိတ်သံပင်ထွက်သွားရ၏။

"ဘယ်သူ့ကိုမုန်းတာလဲ သော်လေးကိုလား....အဲ့ဒါကြောင့် သော်လေးစိတ်ဆင်းရဲအောင်လုပ်လိုက်တာလား "

"နေရာတကာ ဘာလို့သိချင်နေရတာလဲ ဒေါက်တာရဲ့...တရားခံဖမ်းတာမလား....အခုတရားခံလည်းသိရပြီလေ....ကဲ ဘယ်လိုဆက်ပြီးအရေးယူမလဲ "

ခက်ထန်သောမျက်နှာလှလှပေါ်တွင် မဲ့ပြုံးအားမချဘဲ နှုတ်ခမ်းပါးမှ အဓိပ္ပါယ်မရှိသောစကားများကိုဖွင့်ဟနေသောသူမကြောင့် ဥာဏ်ပြည့်လျှံသက်ပြင်းချလိုက်ကာ

နှလုံးသားမှာ  ဆူးWhere stories live. Discover now