အပိုင်း -- ၆

17.6K 1.1K 5
                                    

Unicode

''ဦး ''

သူမစာရေးနေသောဘေးနားတွင် စာထိုင်ဖတ်နေသောသော်လေးကိုခေါ်လိုက်တော့ ထူးသံလေးသာထွက်လာ၏။

''ဘာလဲဟင် မမ ''

မြတ်ယွန်း လက်ထဲမှဘောပင်အားချလိုက်ပြီး ထိုကလေးမနှင့်မျက်နှာချင်းဆိုင်သို့ လှည့်လိုက်ကာ

''မမ ပြောစရာရှိတယ်။ဒီကိုကြည့်''

သူမစကားကြောင့် သူကဖတ်လက်စစာအုပ်အားပိတ်လိုက်ကာ မြတ်ယွန်းမျက်နှာအားတည့်တည့်ကြည့်လာပြီး

''ရပြီမမ ပြောတော့ ''

''ချစ်သူရှိနေပြီလား''

သူမစကားကြောင့် အံ့သြသွားသောထိုကလေးမ။

''ဦး ကိုမေးတာလား''

သူ့ရင်ဘတ်သူလက်ညှိုးထိုးပြီး မြတ်ယွန်းအားပြန်မေးနေသောကြောင့်

''ဟုတ်တယ်လေ နင့်ကိုမေးနေတာ။ချစ်သူရှိနေပြီလားလို့''

''ဟာဗျာမမကလည်း။ဘာတွေလာမေးနေတာလဲ''

ရှက်ကိုးရှက်ကန်းပုံစံဖြင့် ပြောနေသည့်သူမကြောင့် မြတ်ယွန်းလိုချင်သောအဖြေကို မရသေးသည့်အတွက် ဒေါသကထွက်ချင်လာရသည်။

''ငါမေးတာကိုပဲဖြေ သော်ဝတီဦး။ မဟုတ်တာတွေဝေ့မနေနဲ့''

မလိုအပ်ဘဲအသံနည်းနည်းကျယ်သွားသောကြောင့် ထိုကလေးမလန့်သွားပုံရသည်။ချက်ချင်းပင် ကပျာကယာပြန်ဖြေလာ၏။

''မရှိသေးပါဘူးမမရယ် ပေါက်ပေါက်ရှာရှာ။ဘယ်ကသတင်းတွေကြားလာတာလဲ''

''ငါ့ဘာသာဘယ်ကကြားကြားပါ။နေပါဦးမရှိသေးပါဘူးဆိုတော့ နောင်ရှိလာမယ့်သဘောပေါ့ဟုတ်လား''

''ဒါကတော့မမရယ် လူ့သဘာဝအရ ရှိချင်ရှိလာမှာပဲလေ''

(လူ့သဘာဝအရ)

''ဟုတ်သားပဲ။ ငါမေ့သွားတယ် နင်လည်းလူပဲ သဘာဝကိုလွန်ဆန်လို့မှမရတာ''

''ဘာလို့အဲ့ဒါတွေလာမေးနေတာလဲ။မမ ဘာတွေကြားလာလို့လဲ''

''ဘာမှမကြားပါဘူး စိတ်ကူးပေါက်လို့မေးကြည့်တာ။စာဆက်ဖတ်လေ။ငါအောက်ခဏဆင်းလိုက်ဦးမယ်''

နှလုံးသားမှာ  ဆူးWhere stories live. Discover now