အပိုင်း -- ၂၂

16.4K 1.1K 80
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

တစ်လမ်းလုံးရှုခင်းများကိုကြည့်ရင်း မျက်ရည်တွေပဲစီးကျနေသော သူမသူငယ်ချင်းအားကြည့်၍ မေကောင်းဆက်တစ်ယောက်ရင်နာရသည်။

"နင်လက်လွှတ်လိုက်ပါတော့လားယွန်းရယ် "

ထိုစကားကြောင့် သူမကိုစိုက်ကြည့်လာသော ယွန်း။

"လက်လွှတ်လိုက်ရရင် ငါရူးမှာကောင်း..."

"အဲ့ဒါဆို ဒီအတိုင်းကြီးပဲငိုနေတော့မှာလား "

"ငါမငိုပါဘူး ကောင်းရယ်။မျက်ရည်တွေကအလိုလိုကျနေတာ.... "

"နင်နဲ့လည်းခက်တော့တာပဲယွန်းရယ်။ငါလည်းမပြောတတ်တော့ဘူး။နင်ကျေနပ်သလိုသာလုပ်တော့ "

မေကောင်းဆက် မြတ်ယွန်းအားဘာမှဆက်မပြောဖြစ်တော့။မနေ့ကချက်ချင်းကြီး ပြင်ဦးလွင်ပြန်ဖို့ရာစီစဉ်သည်။ သေချာမေးကြည့်တော့မှ သူခံစားနေရတာတွေငိုယိုပြီးပြောပြခဲ့သည်။တကယ်ပင်ကြာလျင် သူ့ကြောင့်မေကောင်းဆက်ရူးရတော့မည်။

"နင်နဲ့တော့ ငါလည်းရူးချင်တော့တာပဲဟာ"

တရိပ်ရိပ်ပြေးနေသောကားလေးက ယူကလစ်ပင်လေးများကို လက်ပြနှုတ်ဆက်သွားသလိုပင်။
အခုတော့နှလုံးသားဒဏ်ရာရလည်း အရင်လိုအသံထွက်ပြီး သူမ မငိုတတ်တော့။နာကျင်မှုကိုခံစားရသော နှလုံးသားက မျက်ရည်များကိုအလိုလိုကျဆင်းစေခဲ့သည်။

(မမရဲ့အတ္တတွေ၊ကြောက်စိတ်တွေထဲကရုန်းမထွက်နိုင်ဘူး ဦးရယ်။အရမ်းနာကျင်ရပေမယ့်လည်း ဒီခံစားချက်ကိုဆုပ်ကိုင်နေရတုန်းပဲ)

**********************

အရင်လိုပါပဲ။
စာတွေနဲ့လုံးချာလည်လိုက်နေရတဲ့ဆေးကျောင်းသူဘဝကို မမောနိုင်မပန်းနိုင် သော်လေးဖြတ်သန်းရပြန်သည်။ အခုတော့နေ့စဉ်ဘဝမှာ အားလုံးပုံမှန်ဖြစ်နေသည်ဆိုရမည်။သူ့ရဲ့ချစ်သူဘဝကိုအပိုင်စားရထားသော မောင့်ရွှေအိမ်သူနှင့်ပေါ့။
အရင်ထက်ပိုပြီး အိမ်သူ့ကိုသူဂရုစိုက်ဖြစ်သလို ချစ်သူကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားခဲ့သည်။ သူမကိုဟိုအမျိုးသမီးခံစားရအောင် တွဲမည်ဟုပြောခဲ့သည်မှာမှန်သော်လည်း အခုချိန်မှာ သော်လေးက သူမကိုအသုံးချခဲ့တယ်ဟူသောအတွေးမဝင်အောင် သော်လေးအိမ်သူ့ဘေးနားလေးရှိနေပေးခဲ့သည်။
နှလုံးသားကိုမပေးနိုင်ပေမယ့်လည်း လိုအပ်မှုမရှိအောင် ပျော်ရွှင်မှုတွေဖန်တီးပေးခဲ့သည်။ခြောက်နှစ်ကျော်ကြာ သူ့ဘေးနားအချိန်ပေးခဲ့သောသူမအတွက် ပြန်ပေးဆပ်နေသည်ဆိုတာတော့ အိမ်သူမသိစေချင်....။

နှလုံးသားမှာ  ဆူးWhere stories live. Discover now