အပိုင်း -- ၃၄

16.4K 1.1K 57
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

Video လေးအားဖွင့်လိုက်တော့ မမြင်ချင်ဆုံးအချိန်ဖြစ်ခဲ့သည့် သူမနှင့်ပြသနာတက်ခဲ့ရသောမြင်ကွင်းတွေ။
အားလုံးအား ကျော်ကာကြည့်လိုက်မိတော့ သော်လေးအခန်းထဲကထွက်ခွာသွားခဲ့ပြီး မမတစ်ယောက်သာ Hotel ခန်းထဲမှာကျန်နေခဲ့လေသည်။
သော်လေးလက်မှ ကျဆင်းခဲ့သည့်သွေးစက်ကလေးများကို မျက်ရည်များကြားမှစိုက်ကြည့်နေသောသူမ။အပေါ်မှထပ်ဝတ်လာသော လက်ရှည်အဖြူလေးကိုချွတ်လိုက်ပြီး ကြမ်းပြင်မှာပေနေသည့်သွေးစက်များနှင့် နံရံမှသွေးများကိုပြောင်အောင်သုတ်လိုက်ပြီး အင်္ကျီလေးကို ရင်ခွင်ထဲပိုက်ပြီးငိုကြွေးနေသောမမ။

"ဘာလို့ငိုနေတာလဲ...."

သော်လေးသိချင်စိတ်ကြောင့် စကားသံထွက်လိုက်မိပေမယ့် အကြည့်တို့ကတော့ Camera လေးမှမခွာခဲ့မိပေ။

"ကေလး....သိရဲ့လား
ကေလး နာကျင်ရတာထက် မမကအဆပေါင်းများစွာပိုနာကျင်ရတယ်ဆိုတာ....သေချင်စိတ်ပေါက်အောင်ကို နာနေရတာ....အချိန်တိုင်းမှာ မင်းကထွက်သွားခဲ့တာပါ....ကျန်နေခဲ့ရတဲ့ငါ့ဘက်ကို တစ်ချက်ကလေးမှလှည့်ကြည့်မပေးခဲ့ဘူး....မချစ်လို့မဟုတ်ပါဘူး...ချစ်လွန်းလို့ သေလောက်အောင်ကိုချစ်လွန်းလို့ အဆင်သင့်မဖြစ်သေးလို့ ဒီလောက်ကြီးထိမာကျောပြနေတာ...ငါ့မွာ....ငါ့ရဲ့ဘဝမှာ မင်းကိုချစ်နေတဲ့စိတ်လေးနဲ့ပဲ ဖြတ်သန်းနေရတာပါကလေးရယ်....တစ်နေ့နေ့ မင်းကိုပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်လေးနဲ့ပဲ ရှေ့ဆက်နေရတာ....အားလုံးရဲ့အထင်သေးတဲ့မျက်လုံးတွေနဲ့ အကြည့်မခံရဖို့ ငါကြိုးစားနေရတာ....အားလုံးရဲ့ရှုံ့ချမှုတွေကြားမှာ ပြိုလဲမသွားဖို့ အခုကတည်းကခံနိုင်ရည်ရှိအောင် ငါကြိုးစားနေရတယ်ဆိုတာတွေ မင်းမှမသိဘဲကလေးရယ်...."

"ဘာ....ဘာတွေလဲ...."

သော်လေးကြည့်နေရင်းမှပင် ဘာမှနားမလည်တော့။ရွံမုန်းပါသည်ဟုပြောပြီး သော်လေးအား ရက်ရက်စက်စက်ပါးရိုက်ခဲ့သည့်သူမက သူ့ကွယ်ရာမှာ အခုလိုငိုကြွေးမြည်တမ်းနေသည်တဲ့လား။

ခန္ဓာကိုယ်တစ်ခုလုံးတုန်တက်အောင် မျက်ရည်များစွာနှင့် နင့်နင့်သီးသီးငိုကြွေးနေသော မမ။ဘဝမှာ သူမဒီလောက်ခံစားရတာတစ်ခါမှမမြင်ဖူးခဲ့။
အခုလိုကွယ်ရာမှာခံစားနေရပုံတွေမြင်ရတော့ ဖေဖေပြောခဲ့သောအဖြစ်အပျက်ကို မျက်လုံးထဲပုံဖော်ကြည့်မိပြန်သည့်အခါ ရင်ဘတ်ထဲကနာကျင်လိုက်တာ...သူမဘယ်လောက်များ...ဘယ်လောက်များခံစားခဲ့ရမလဲ...ဘယ်လောက်များအထီးကျန်စွာကျန်နေခဲ့ရမလဲ....။

နှလုံးသားမှာ  ဆူးWhere stories live. Discover now