အပိုင်း-- ၄၃

12.8K 884 82
                                    

Unicode

"နင်ငါ့ကိုဘာမှမပြောတော့ဘူးလား "

မျက်နှာချင်းဆိုင်ထိုင်နေကြပေမယ့် နှစ်ဦးစလုံး အတွေးကိုယ်စီဖြင့်စိတ်တွေလွင့်ပျံ့နေကြတာ မည်မျှပင်ကြာသွားသည်မသိ။

"နင်တကယ်ပဲ နှစ်ခါတိတိသတ်ရက်ခဲ့တာလား "

ပထမဦးဆုံး သူ့ဆီကထွက်ပေါ်လာသည့်ထိုစကားက သူမကို ထိုနေ့ကဖြစ်ရပ်ဆီပြန်လည်ခေါ်ဆောင်သွားသလိုပင်။သို့ပေမယ့် သူ့မျက်နှာအားတစ်ချက်ကြည့်ကာ သက်ပြင်းဖွဖွချလိုက်ပြီး

"ဘာလို့အခုချိန်မှာ အဲ့ဒါတွေလာမေးနေရတာလဲသော်....နင်တို့ငါ့ကို ကြိုက်သလိုအပြစ်ပေးလို့ရနေပြီပဲ နင်သိပ်ချစ်ရတဲ့နင့်မမအတွက် ကလဲ့စားချေပေးလို့ရပြီပဲမဟုတ်ဘူးလား "

စကားသံများအား လေသံမာမာဖြင့်ပြောနေသည့် သူမမျက်ဝန်းတည့်တည့်အား သော်လေးသေချာစိုက်ကြည့်နေမိသည်။
မကြောက်သလိုအပြစ်ပေးဖို့ပြောဆိုနေပေမယ့် မျက်ဝန်းတွေကတော့မညာတတ်စွာ ဂနာမငြိမ်ဘူးဆိုတာတော့ သူမ မသိလေဘူးထင်ပါရဲ့။

"နင့်ကိုထိုက်တန်တဲ့အပြစ်တော့ပေးမှာပါ...ဒါပေမယ့် ငါကတော့မဟုတ်ဘူး....နှစ်ပေါင်းများစွာ နင့်ဘေးမှာရှိနေပေးခဲ့တဲ့ငါက နင့်မျက်လုံးတွေရဲအဓိပ္ပါယ်ကိုတော့ ဘာသာပြန်တတ်ပါသေးတယ်....ဖြစ်ပျက်ခဲ့သမျှတွေကို နင်နဲ့သူပဲသေချာသိမှာဆိုတော့...သူပြန်နိုးလာမှ သူ့စိတ်တိုင်းကျဆုံးဖြတ်လိမ့်မယ်ပေါ့... "

ထိုအဖြေအား မြတ်ယွန်းလင်းငယ်မိခင်ဆီမှသူမသိနှင့်ပြီးသားဖြစ်ပေမယ့် သော်ဘာကိုဦးတည်ပြောဆိုနေမှန်းကိုတော့ သူမ မသိတာအမှန်ပင်ဖြစ်၏။

"နင်ဘာကိုပြောချင်....."

"ငါ့ကိုဆက်ပြီးမချစ်ပါနဲ့တော့ အိမ်သူ "

သူမစကားပင်ဆုံးအောင်မပြောရသေး သူ့ဆီမှကြားလိုက်ရသောအကြောင်းအရာက အက်ကြောင်းထပ်နှင့်နေပြီးသားစကားလုံးများ။

"ဒါပဲလား "

"ပြီးတော့ သူ့ကိုလည်းဆက်ပြီးဒုက္ခမပေးပါနဲ့တော့ "

နှလုံးသားမှာ  ဆူးWhere stories live. Discover now