အပိုင်း -- ၃၅

16.8K 1K 69
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

မွေးပျံ့လာသောကော်ဖီရနံ့လေးနှင့်အတူ သူမအရှေ့ကိုရောက်ရှိလာသော အရိပ်ကလေးတစ်ခုကြောင့် မြတ်ယွန်းအကြည့်တို့အား ပန်းပင်တွေရှိရာမှလွှဲဖယ်လိုက်ပြီး ဘေးနားရောက်လာသူကိုကြည့်လိုက်တော့ သော်လေး၏ သူငယ်ချင်းဖြစ်သူ သံသာဖူးဝေ။

"ကော်ဖီလေးသောက်လိုက်ပါဦးမမယွန်း "

"ကျေးဇူးပဲညီမလေး...."

"သော်လေးကမလာသေးဘူးဆိုတော့ ပျင်းနေပြီလား...."

"ပျင်းတယ်ရယ်လို့တော့မဟုတ်ပါဘူးညီမလေးရယ်....အလုပ်နားရက်ဘာမှလုပ်စရာမရှိတော့ ကြောင်တောင်တောင်ဖြစ်တာတော့အမှန်ပဲ...."

ဖူးဝေ သူမဘေးတွင်လွတ်နေသည့်ခုံ၌ဝင်ထိုင်လိုက်ပြီး

"Studio ခန်းထဲသွားမလား မမယွန်း....ဒီမှာကျတစ်ယောက်တည်းဆိုတော့ပျင်းနေမှာစိုးလို့ "

"ကောင်းသားပဲ "

"ကောင်းထက်ရေ....ဒီကော်ဖီခွက်လေးတွေ အပေါ်လိုက်ပို့ပေးပါဦးနော် "

ခပ်းလှမ်းလှမ်းတွင်ရှိသော Waiter လေးကို ဖူးဝေကလှမ်းပြောလိုက်ပြီး......

"သွားရအောင်....."

သံသာဖူးဝေဦးဆောင်၍ မြတ်ယွန်းအားအပေါ်ထပ်ရှိ Studio ခန်းထဲခေါ်လာခဲ့သည်။

"Wow....မိုက်လှချေလား "

သီးသန့်ဧည့်ခန်းလေးနှင့် ခပ်လှမ်းလှမ်းတွင်တော့ Propose လုပ်သည့်နေ့ကတီးခဲ့သည်ဟုထင်ရသော Upright Piano တစ်လုံး ထိုအနီးအနားတွင်တော့ Musical Instruments မျိုးစုံနီးပါးတွေ့ရသည်။

မြတ်ယွန်း Piano ရှိရာသို့ လျှောက်သွားလိုက်ပြီး ထိုင်ခုံတွင်ထိုင်လိုက်သည်။

"ဟိုတစ်နေ့က သူတီးတဲ့ Piano လား....."

"ဟုတ်တယ်မမယွန်း....အဲ့ဒါ သော်လေး Piano လေ သူ့အစ်ကိုကဝယ်ပေးထားတာ...."

"အဲ့ဒါကိုသူကအိမ်မှာမထားဘဲနဲ့ ဒီမှာထားတာလား "

"မဟုတ်ဘူးမမယွန်းရဲ့...Paint House အတွင်းခန်းထဲမှာ Grand Piano တစ်လုံးရှိသေးတယ်...."

"ဟုတ်လို့လား အစ်မတော့မတွေ့မိပါဘူး...."

"ရှိပါတယ် မမယွန်းသေချာမမြင်လို့ဖြစ်မှာပါ.... "

နှလုံးသားမှာ  ဆူးOnde histórias criam vida. Descubra agora