အပိုင်း -- ၄၆( ဇာတ်သိမ်းပိုင်း )

10.1K 239 8
                                    

𝙕𝙖𝙬𝙜𝙞

သော်လေး ရင်ခွင်ထဲမှအမျိုးသမီးလေးအား မြတ်နိုးမဝစွာပြုံး၍ကြည့်နေမိသည်။
သူမအား သူ့ချစ်ခြင်းများဖြင့် မရုန်းနိုင်အောင်ချည်နှောင်ပြီးသည်ကိုပြန်တွေးမိတော့ ကြည်နူးစိတ်ကတားမရဆီးမရ ။
အရင်အချိန်တွေကဝေးခဲ့ရခြင်းများမှာ အတိတ်တစ်ခုထက်မပိုတော့သည်ကို ယခု သူမမျက်နှာကိုသေချာကြည့်မိလေ ပိုသိလာရလေ ။
နှုတ်ခမ်းဖျားမှအပြုံးတို့နှင့်ထပ်တူ မြတ်နိုးရသောသူမမျက်နှာအစိတ်အပိုင်းလေးများအား အနမ်းဖွဖွခြွေနေမိသည်။

အသက်ရှူသံမှန်မှန်ဖြင့်ငြိမ်သက်နေရာမှ ကွေးညွှတ်လာသောသူမနှူတ်ခမ်းပါးလေးကြောင့် အနမ်းခြွေနေသည်အားရပ်တန့်လိုက်ကာ

" ဘာလို့အဲ့လိုပြုံးနေတာလဲ....လူကိုပိုစွဲလမ်းရအောင်လို့ "

စကားပြန်မပေးသောသူမဟာ ခပ်ဖွဖွမှိတ်ထားသောမျက်ဝန်းများကိုဖွင့်ပြီး သူ့နှုတ်ခမ်းအားအနမ်းတစ်ချက်ပေး၍ သူ့ရင်ခွင်ထဲခေါင်းလေးတိုးဝင်ကာ သူ့ခါးဆီသို့ သူမလက်များဖြင့်တင်းကျပ်စွာသွယ်ယှက်၏။

"ကျေနပ်လို့....ဦးကအခုလို အမြတ်တနိုးနမ်းနေတာကိုကျေနပ်လို့ ပြီးတော့ ရှက်လို့ "

မျက်နှာကိုပင်အကြည့်မခံတော့သောသူမဟာ ရင်ခွင်ထဲမှပင်စကားဆိုသည်။

သော်လေးသူမခေါင်းလေးအား ဖိကပ်နမ်းလိုက်ကာ

"ဘာရှက်စရာရှိလို့လဲမမရယ်....ဦးကမမရဲ့ချစ်ရသူလေ....ပြီးတော့ဦးကမမပိုင်ဆိုင်ပြီးသားလူတစ်ယောက်....ဘာတွေပဲဖြစ်လာဖြစ်လာ မမနာကျင်ခံစားရမဲ့လုပ်ရပ်မျိုးကို ဦးထပ်မလုပ်ဘူးဆိုတာကိုယုံနော် "

သူ့စကားကြောင့် မြတ်ယွန်းအတွေးတစ်ချို့ကိုတွေးမိသောအခါ အလန့်တကြားပင်သူ့ရင်ခွင်ထဲမှထွက်၍ ကုတင်ပေါ်တွင်ငုတ်တုတ်ထိုင်လိုက်မိသည်။

"မမက အဲ့လိုအတွေးမျိုးကြောင့်မဟုတ်ပါဘူးဦးရယ်....ဖြစ်ခဲ့သမျှကိစ္စတွေက နှစ်ယောက်စလုံးမှားခဲ့ပြီး၊နှစ်ယောက်စလုံးနာကျင်ခဲ့ကြရတာပဲ....ဦးဘက်ကတစ်ဘက်တည်းမှမဟုတ်တာ....အဲ့လိုမျိုး ကိုယ့်ကိုကိုယ်အပြစ်တင်သလိုမပြောပါနဲ့ "

နှလုံးသားမှာ  ဆူးTempat cerita menjadi hidup. Temukan sekarang