အပိုင်း -- ၃၁

15.3K 1K 113
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ဘယ်သွားမှာလဲ Oo..."

တင်းကျပ်စွာဆုပ်ကိုင်ထားသော လက်ဖဝါးလေးနှစ်ဖက်အား ပိုမိုတင်းကျပ်စေလိုက်ပြီး သော်လေးသူမအား ချစ်ရည်ရွှန်းလဲ့သောမျက်ဝန်းတို့ဖြင့်လွှမ်းခြုံစေလိုက်ကာ....လခြမ်းကွေးလေးပေါ်သည်အထိပြုံးပြလိုက်မိသည်။

"ဘာလို့မေးနေတာလဲ....ဦးနဲ့အတူတူဆို ဘယ်နေရာပဲဖြစ်ဖြစ်လိုက်မှာမလား "

တောက်ပသောအပြုံးများစွာနှင့် ခေါင်းငြိမ့်လာသောမမကို ရင်ခုန်စွာကြည့်နေပေမယ့် ပုံမှန်ရင်ခုန်ခြင်းနှင့်မတူဘဲ သော်လေး မောလာသလိုခံစားရသည်။ ခုန်နေသောဘယ်ဘက်ရင်အုံအားငုံ့ကြည့်မိတော့ နှလုံးသားတည့်တည့်တွင်စူးဝင်နေသည့် ကြီးမားလှသော နှင်းဆီဆူးတစ်ခု ထိုးသွင်းသည့်ဆုပ်ကိုင်သူအားကြည့်မိတော့ မကြာခဲ့သောအချိန်လေးကမှ သူတင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည့်နူးညံ့မှုအပြည့်ရှိသောလက်ဖဝါးပိုင်ရှင်။

"မမ..."

သော်လေးကိုယ့်လက်ကိုယ်ပြန်ကြည့်မိတော့ လေဟာနယ်ကိုသာဆုပ်ကိုင်ထားမိသည်ထင်၏။သူ့လက်ဖဝါးထဲမှာဘာဆိုဘာမှမရှိ။

"နာကျင်ရလား....."

မြတ်နိုးခဲ့ရသောမျက်နှာလေးနှင့်မလိုက်ဖက်လှစွာ ရက်စက်လှသည့်အပြုံးကိုပန်ဆင်၍ မေးနေသော သူမရှေ့မှာ အရုပ်ကြိုးပြတ်ဒူးထောက်ကျသွားရသည်။ဓားဒဏ်ရာကဲ့သို့ သွေးစိမ်းရှင်ရှင်မထွက်ဘဲ စူးနစ်လှစွာနာကျင်နေသော နှလုံးသားမှ အဆိပ်ဆူးအားဆွဲထုတ်မိရန်ကြံရွယ်ကာ ဆုပ်ကိုင်မိတော့....လက်ထဲကျန်ခဲ့သည်က အဖြူရောင်ပြာမှုန်များဆိုတာ သိလိုက်မိသည်နှင့်အတူ...နှလုံးသားဟာလည်းလောင်ကျွမ်းပြာကျသွားရပြီဆိုတာ စိတ်မကောင်းစွာသိလိုက်ရသည်။
မရှိတော့ဘူး...သော်လေးရင်ဘတ်ထဲမှာ အရမ်းတန်ဖိုးထားမြတ်နိုးရတဲ့ နှလုံးသားတစ်ခုကလောင်ကျွမ်းပြာကျသွားပြီ။
နာကျင်မှုလား...ခံပြင်းမှုလားမသိသော ဟာလာဟင်းလင်းခံစားချက်ကြီးနှင့် သူမအားမော့ကြည့်မိတော့ တစ်သက်လုံးရှောင်ရှားမိခဲ့သည့် အထင်သေးသလိုမျက်လုံးစိမ်းများနှင့်စိုက်ကြည့်နေသည်က ကျန်ရှိနေသောသူ့ခန္ဓာကိုယ်ကိုပါ ပြာချနေသလိုပင်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now