အပိုင်း -- ၁၅

16.9K 1.1K 97
                                    

Unicode

နှလုံးသားနဲ့အပြည့်ရှိတဲ့ချစ်ခြင်းတွေကို
မင်းကမာနနဲ့ထိန်းချုပ်တယ်
ကိုယ်ကနာကျည်းချက်နဲ့ထိန်းချုပ်တယ်
ရလဒ်ကတော့ နှစ်ယောက်စလုံး
နှလုံးသားစုတ်ပြတ်အောင်
နာကျင်ရတာပဲ............

==========================

မြို့ထဲဝင်သည်နှင့် ရန်ကုန်နှင့်မတူဘဲအေးချမ်းလာသောရာသီဥတုကြောင့် သူမပြုံးမိသည်။
ဒီအငွေ့သက်လေးကိုမခံစားရတာကြာခဲ့ပြီပဲ.....

ခြောက်နှစ်၊ခုနစ်နှစ်ဟူသောအချိန်အတိုင်းအတာတစ်ခုက အရာရာကိုပြောင်းလဲသွားစေသည်။ တောင်ကြီးမြို့လေးမှာလည်း တိုးတက်ပြောင်းလဲမှုတွေရှိလာသည်ကို သူမတွေ့မိသည်။

"ဖေဖေ အိမ်မှာထောပတ်သီးရှိလား "

ဖေဖေကားမောင်းနေတာသိပေမယ့် သူမ မစောင့်နိုင်တော့။အိမ်ပြန်ရောက်တာနှင့်ဇာတိကပြချင်လာပြီ။ထောပတ်သီးအရမ်းစားချင်နေမိပြီ ။

"သမီးမေမေဝယ်ထားမှာပေါ့။မရှိလည်းခြံထဲသွားခူးလိုက် ဘယ်လောက်မှမကြာပဲနဲ့ကို။ အိမ်အရင်ရောက်အောင်ပြန်ပါဦး "

"ဟုတ်သားပဲ မီးလေးကလည်း။အိမ်ရောက်မှ ကိုကိုနဲ့ပြန်ထွက်ကြမယ်လေ။ကိုကိုလည်းမရောက်ဖူးတော့လိုက်ခဲ့မယ် "

တောသားမြို့ရောက်မဟုတ်သည့် မြို့သားတောပြန်ဆိုတာ ကိုကို့ကိုပြောတာ။ ကိုယ့်နိုင်ငံကိုယ်မနေနိုင်ဘဲ စင်္ကာပူမှာဖင်ပူရုံမက မီးတောက်အောင်ပင်နေပြီးတော့ အခုမှ ကိုကိုလည်းမရောက်ဖူးဘူးလာလုပ်နေ ။

"ပြီးတာပဲ စက်ဘီးကကိုကိုစီးရမှာ "

"ကားမရှိဘူးလား ဦးငယ် "

"ရှိတယ်သားရေ။မင်းညီမကတောင်ကြီးမှာဆို ခြံနဲ့ကျောင်းကိုစက်ဘီးနဲ့ပဲသွားတာကွ "

"ငါတော့သေပြီ သော်ဝတီဦးရေ "

ကိုယ့်နှဖူးကိုယ်ရိုက်ကာပြောနေသော ကိုကို့အားကြည့်၍ ဖေဖေနှင့်သော်လေးအပြိုင်ရယ်မိကြသည် ။

ခြံထဲကားလေးဝင်လာတာမြင်သည်နှင့် အိမ်ပေါက်ဝထွက်လာသောမေမေ့အား သော်လေးကားမှန်ချ၍ပင်လက်ပြလိုက်ကာ

နှလုံးသားမှာ  ဆူးDove le storie prendono vita. Scoprilo ora