အပိုင်း-- ၁၉

16.5K 1.1K 73
                                    

Unicode

ခဲမှန်ဖူးတဲ့စာသူငယ်တဲ့
ကျွန်မအမှတ်မရှိဘဲနဲ့
ရှင့်အပေါ်မှာထပ်ပြီး သာယာနေခဲ့မိပြန်တယ်
အဆုံးရောက်ရင် ကျွန်မရင်ဝကို
ဓားထိုးခံရမှာသိပေမယ့်လည်းပေါ့......

=========================

"နိုးလာပြီလား အမူးသမားလေး "

အိပ်ချင်မူးတူးနှင့်မျက်လုံးကိုပွတ်ကာ ထမင်းစားခန်းထဲဝင်လာသောအိမ်သူ့အား သော်လေးနှုတ်ဆက်လိုက်သည်။

"အင်း နိုးပြီထင်တာပဲ။ခေါင်းတော့နည်းနည်းကိုက်နေတယ် "

"သိတယ်။ဒီမှာ သံပုရာသီးနဲ့ပျားရည်ဖျော်ထားတယ်။သောက်လိုက်ဦး။ထမင်းလည်းတစ်ခါတည်းစားလိုက်တော့။ခဏနေရင်ဆေးရုံသွားရတော့မှာ "

အိမ်သူခေါင်းကုတ်ကာ ထိုင်ခုံမှာပင်ဝင်ထိုင်လိုက်ပြီး

"မနေ့ကဘယ်လိုပြန်လာတာလဲ။သော်ပြန်ခေါ်လာတာလား။ ဟိုတစ်ယောက်ကရော "

သူမဘေးမှာဝင်ထိုင်လိုက်သည့်တိုင်အောင် သော်ကမဖြေသေး။ ထမင်းဆီဆမ်းနှင့်တိုဖူးကြော်ပူပူလေးအားတွဲကာ စားနေ၏။

"သော်တို့ကအရင်ပြန်လာတာ။ပြီးမှအိမ်သူကထက်လွန်းတို့နဲ့ပြန်လာတာ။အလာတုန်းကလိုပဲ သူကတော့အခုအိမ်ခဏပြန်သွားတယ်။ ခဏနေပြန်လာလိမ့်မယ်။ဆေးရုံလိုက်ပို့မှာလေ။စားပြီးရင်တစ်ခါတည်းဆေးရုံသွားဖို့ပြင်လိုက်တော့ "

"အင်း "

သော်ကတော့ သူပြောချင်ရာပြောပြီးသည်နှင့် ထမင်းဆက်စားနေလေသည် ။
အိမ်သူ့မှာသာ ဖျော်ရည်လေးသောက်ပြီး မနက်ခင်လေးမှာကြည်လင်ရှင်းသန့်နေသည့် သူ့မျက်နှာလေးကိုအဝငေးနေမိသည်။

"ဘာကြည့်တာလဲ "

သူခိုးလူမိဖြစ်သွားပေမယ့်လည်း အိမ်သူဂရုမစိုက်ပါ။ကိုယ့်ချစ်သူကို​ကြည့်တာပဲလေ ။

"ချောလို့၊ငါ့ချစ်သူလေးက ဒီနေ့မနက်အရမ်းကိုသန့်နေလို့ "

အိမ်သူ့အားစကားပြန်မပေးသေးဘဲ သော်လေးရေအရင်သောက်လိုက်ကာ

"တော်ပါနင်ပဲငမ်းနေတာ။မရိုးဘူးလားငါ့မျက်နှာက ဒီတိုင်းကဒီတိုင်းပဲလေ "

နှလုံးသားမှာ  ဆူးWhere stories live. Discover now