𝙐𝙣𝙞𝙘𝙤𝙙𝙚
ခွင့်ရက်ပြည့်ပြီဖြစ်သောကြောင့် သော်လေးဆေးရုံသို့ ရောက်လာခဲ့ရသည်။မမကတော့ သူ့သူငယ်ချင်းနှင့်သွားမည်ဟုဆိုကာ သော်လေးနှင့်အတူ လိုက်မလာခဲ့ပေ။
"သော်လေး...."
အနောက်မှထက်လွန်း၏ခေါ်သံကြောင့် သော်လေး လှမ်းနေသောခြေလှမ်းများအားရပ်တန့်လိုက်ကာ စောင့်နေလိုက်သည်။
"ပြောပါဦး တောင်ကြီးမှာတော်တော်ပျော်ခဲ့ရဲ့လား"
အဆုံးမရှိအစမရှိပြောလိုက်သော ထက်လွန်းစကားကြောင့် သော်လေးသူ့အားကြည့်လိုက်ပြီး
"ငါကဘာသွားလုပ်လို့ပျော်ရမှာလဲ "
ထက်လွန်းကမ်းပေးလာသည့် ပိုက်ဆံအိတ်အားယူလိုက်ရင်း သော်လေးမေးလိုက်သည်။
"နင်တို့စုံတွဲ သွားပြီးအနားယူတာမဟုတ်ဘူးလား "
ထက်လွန်း Duty coat သေချာဝတ်ပြီးသည်နှင့် သော်လေးလက်ထဲမှပိုက်ဆံအိတ်အားပြန်ယူ၏။
"ဘယ်တော့ ယူကြမှာလဲ....တွဲနေတာလည်းကြာပေါ့ကို "
သော်လေးလမ်းလျှောက်နေရင်းမှပင် ထက်လွန်းပြောသည့်စကားကို နားလည်အောင်စဥ်းစားနေရသည်။
နောက်ဆုံးတွင်အဖြေသိလိုက်ရသောကြောင့် လက်ကနာရီအားတစ်ချက်ကြည့်လိုက်ကာ ဓာတ်လှေကားထဲဝင်ရန်ပြင်နေသည့် ထက်လွန်းလက်အားဆွဲလိုက်ပြီး"ဂျူတီကလိုသေးတယ်မလား စကားပြောရအောင် ငါနဲ့ခဏလိုက်ခဲ့ "
သော်လေး သူ့လက်အားဆွဲ၍ ရိုးရိုးလှေကားနှင့်ပင် ဆေးရုံခေါင်မိုးထပ်သို့တက်လာခဲ့လိုက်သည်။
"ဟား...မော...မောလိုက်တာသော်လေးရယ်...ဓာတ်လှေကားနဲ့လာလည်းရောက်တဲ့ဟာကို သက်သက်မဲ့ပင်ပန်းအောင်လို့ လှေကားကနေတက်ရသလား....အမလေးမောလိုက်တာ "
ရိုးရိုးလှေကားကနေ တက်လာရသောကြောင့်ထင်သည်။သော်လေးကဘာမှမဖြစ်ပေမဲ့ တက်လေ့မရှိသောထက်လွန်းကတော့ မောနေလေပြီ။
"ဒီနားလာထိုင်....အမောဖြေလိုက်ဦး "
ထက်လွန်းသူ သော်လေးဘေးရှိထိုင်ခုံလေးတွင်ဝင်ထိုင်လိုက်ပြီး....
YOU ARE READING
နှလုံးသားမှာ ဆူး
Romanceလိုတရဘဝနဲ့နေလာရပြီး ဘေးနားအရိပ်လိုလိုက်ပြီးဘဝပုံပေးကာချစ်ခဲ့တဲ့လူကိုလိုသုံးအဖြစ်သဘောထား ကိုယ့်အတ္တကို ရှေ့တန်းတင်ကာ၊ငွေဂုဏ်မောက်ပညာဂုဏ်မောက်၊နှလုံးသားကိုဥပေက္ခာပြုကာ လိုသမျှအကုန်ငွေနဲ့ဖြည့်ဆည်းတတ်တဲ့ သူမ #မြတ်ယွန်းလ...