အပိုင်း -- ၃၆

14.6K 1K 67
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ငါ့ကိုဘာမေးခွန်းမှပြန်မထုတ်နဲ့ အခုချက်ချင်း တောင်ကြီးကိုပြန်လာခဲ့သော်ဝတီဦး "

တောင်ကြီးပြန်လာသည့်လမ်းတစ်လျှောက်လုံး မေမေ့၏တစ်ခွန်းတည်းသောစကားကိုပဲ သော်လေးထပ်တလဲလဲကြားနေမိသည်။
တစ်ခါမှ နာမည်ပင်ခေါ်ကာမပြောဖူးသော မေမေက ပထမဆုံးအကြိမ်လေသံမာမာနှင့် အမိန့်ဆန်ဆန်ဆိုလာသောကြောင့် သော်လေး မမအားလိမ်ခဲ့ရ၏။ပြဿနာကြီးကြီးမားမားမဟုတ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။

ပုံမှန်ဆိုလျင် အိမ်ပေါက်ဝကနေဆီးကြိုနေတတ်သောမေမေ့နေရာမှာ ဖေဖေကရပ်စောင့်နေသည်။သော်လေးကျောပိုးအိတ်ကိုယူ၍ကားပေါ်မှဆင်းလိုက်သည်။

"မေမေရော ဖေဖေ...ဘာဖြစ်တာလဲ...ဘာပြဿနာဖြစ်လို့လဲ "

သူ့မေးခွန်းအား ဦးမြတ်လင်းဦးခေါင်းအသာရမ်းပြလိုက်ပြီး

"သမီးမေမေအရမ်းစိတ်ထိခိုက်နေတယ်...သမီးကိုဖုန်းဆက်ပြီးကတည်းက အခန်းထဲဝင်သွားတာ အခုထိထွက်မလာသေးဘူး...."

သော်လေး ဖခင်ဖြစ်သူ၏စကားကြောင့် ပို၍ပင်စိုးရိမ်လာရသည်။

"ဘာဖြစ်လို့လဲဖေဖေ...မီးလေးကြောင့်လား....မီးလေးဘာလုပ်မိလို့လဲ "

သူ့ပခုံးအား နှစ်သိမ့်သလိုဖက်လာသောဖခင်ဖြစ်သူ ဦးမြတ်လင်းဦး။

"မီးလေး ကိုယ့်ကိုကိုယ်ထိန်းနိုင်သင့်တယ်....အခုတော့ မီးလေးမေမေကြောင့် ငယ်လေးတို့နဲ့မျက်နှာပျက်စရာတွေဖြစ်ရတော့မယ်....ဖေဖေတောင်သိပ်အံ့အားသင့်သွားရသွားတာ မေမေကတော့ပိုဆိုးမှာပေါ့ "

သော်လေးစိတ်ရှုပ်လာမိပြီ။ဘာအကြောင်းကြောင့် မမနာမည်ကပါလာရတာလဲ......

"ဘာတွေလဲဖေဖေရာ....မီးလေးကိုရူးအောင်မလုပ်ကြပါနဲ့ "

"မီးလေးအခန်းထဲမှာ မေမေစောင့်နေတယ်"

သော်လေးဘာမှဆက်စဥ်းစားမနေတော့ဘဲ အပေါ်ထပ်ပြေးတက်လာလိုက်ပြီး အခန်းရှေ့အရောက်တွင်တော့ အသက်ကိုဝဝရှူလိုက်ကာ တံခါးကိုလှည့်ဖွင့်လိုက်သည်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now