အပိုင်း -- ၁၇

16.4K 1.1K 61
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

လေပြည်သွေးနေရင်
မကြာခင်မှာမုန်တိုင်းလာတတ်တယ်
အဲ့လိုပါပဲ ကြည်နူးပျော်ရွှင်မှုတွေများနေရင်
မကြာခင်မှာ
နှလုံးသားကွဲအက်မတတ် နာကျင်ရနိူင်တယ်

=======================

"ရလားဆင်ပြေရဲ့လား ဦး "

"အင်း နည်းနည်းတော့နာတယ် "

"အဲ့ဒါဆိုမမထပ်မထည့်တော့ဘူးလေ။ဒီလောက်ဝင်ရင်ကိုအဆင်ပြေနေပြီ "

"အင်းပါ အဲ့လောက်ဆိုကောင်းသွားမှာပါ။မကြာတော့ဘူး "

မြတ်ယွန်း သော်လေးလက်ဒဏ်ရာဆေးထည့်ခြင်းကို လက်စသတ်လိုက်ကာ

"ထမင်းမစားချင်ဘူးဆို ဘာစားချင်လဲ။မမဘာလုပ်ပေးရမလဲ "

"ရပါတယ် ဘာမှလုပ်မနေနဲ့တော့။မစားတော့ဘူး"

"အဲ့လိုမလုပ်နဲ့လေဦးရယ်။ ဆေးသောက်ရဦးမှာကို "

ဒီအခြေနေလေးကိုသော်လေးသဘောကျမိသည်။ ကိုကို့ Pre Wedding ကိစ္စအတွက် တောင်ကြီးပတ်ပတ်လည်ရှိမြို့များကို ပတ်မည်ဖြစ်သောကြောင့် ဖေဖေနှင့်မေမေလိုက်သွားလေ၏။ သော်လေးကတော့ posting ကိစ္စကြောင့်လိုက်မသွားဖြစ်ဘဲ အိမ်မှာသာတစ်ယောက်တည်းနေခဲ့ရသည်။ တော်သေးသည် ဒီနေ့တစ်နေကုန် မမကအိမ်ဘက်လာနေပေးသောကြောင့် သူမနေသာထိုင်သာရှိနေရတာ ။

"မသိတော့ဘူး။ခင်ဗျားအဆင်ပြေတာသာလုပ်ပေးတော့။မှန်တာပြောရရင် နည်းနည်းတော့ဗိုက်ဆာတယ် "

"အင်းပါ အဲ့ဒါဆိုခဏစောင့်။မမတစ်ခုခုလုပ်ခဲ့မယ် "

အပြေးကလေးပင် ထမင်းစားခန်းထဲဝင်သွားသောမမ ။
ဘာမှမတွေးဘဲ ဒီလိုနေရပြန်တော့လည်း အချိန်တွေကိုရပ်တန့်ထားချင်သည် ။

သော်လေး ဘောင်းဘီအိတ်ကပ်ထဲမှမြည်လာသော ဖုန်းလေးအားထုတ်လိုက်ကာ လက်ဖြင့်ကိုင်ရမည်ကိုပျင်းသောကြောင့် ရှေ့တွင်ရှိသောစားပွဲပေါ်တင်၍ speaker ဖွင့်လိုက်သည် ။

"သော်....ဘာတွေလုပ်နေလဲ "

စတင်ကြားရသော မောင့်ရွှေအိမ်သူ၏စွာတာတာအသံလေး

"ဘာမှမလုပ်ဘူး အိမ်မှာငုတ်တုတ် "

"အပြင်မသွားဘူးလား သော်ရဲ့ "

နှလုံးသားမှာ  ဆူးWhere stories live. Discover now