အပိုင်း -- ၁၆

16.8K 1.1K 84
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

အတိတ်တွေထဲလည်းမဆွေးတော့ဘူး
အနာဂတ်လည်းမတွေးတော့ဘူး
ပစ္စုပ္ပန်ပဲ ရှေးရှုပြီး
အပြုံးတွေပဲဖန်တီးပေးချင်တယ်.........

====================

"အ...မေမေနာတယ် "

"ပြီးပြီ၊ပြီးပြီ အာပြဲကြီးနဲ့အော်မနေနဲ့ ။ကဲ ပြောကြစမ်းပါဦး ရောက်တာမှနာရီပိုင်းတောင်မကြာသေးဘူး ပြသနာကဖြစ်ပြီ။ တိုက်တဲ့လူကမတောင်းပန်ဘူးလား။လက်ကဒီလောက်တောင်ဖြစ်လာတာကို "

ဆေးထည့်ပေးပြီးသည်နှင့် စိတ်ပူစွာပြောလာသော ဒေါ်ဝတီနွယ်အားဇင်လင်းမောင်မှပင်

"တောင်းလည်းတောင်းပန်ပါတယ်။ဆေးခန်းလည်းလိုက်ပို့ပေးမယ်လို့ ပြောပါတယ်အန်တီလေးရယ်။ဒီကလေးမက သူကဆရာဝန်၊သူပျောက်အောင်ကုနိုင်တယ်ဆိုပြီး ပြောလွှတ်လိုက်တာ ကျွန်တော်ဖြင့် ဟိုဘက်ကကလေးမလေးကို အား​တောင်နာတယ်။ မီးလေးနဲ့သိတယ်မလား "

"ဟုတ်လား သိတဲ့သူလား။ဘယ်သူလဲ မီးလေး "

"မမမြတ်ယွန်းလင်းငယ်ပါမေမေ "

"ဟယ်....ငယ်လေးနဲ့လား။ဘာလို့အဲ့လိုတွေပြောလိုက်တာလည်းသမီးရယ် ငယ်လေးစိတ်မကောင်းဖြစ်သွားမှာပေါ့ "

"ဘယ်သူလဲ.....အန်တီလေးသိတဲ့လူလား "

"ဟုတ်တယ်သားငယ်ရေ။ဟိုဘက်အိမ်ကလေ မြတ်ယွန်းလင်းငယ်တဲ့။ မီးလေးနဲ့ငယ်ငယ်ကတည်းကကစားဖော်ပေါ့"

"အန်တီနွယ်...... "

အပေါက်ဝမှထွက်လာသောအသံလေးကြောင့် သော်လေးကြက်သီးပင်ထသွားရ၏။
သူမအားလှည့်မကြည့်မိအောင် စိတ်ကိုထိန်းထားလိုက်ရသည်။

"ငယ်လေးလာလေ အခုပဲသမီးအကြောင်းပြောနေကြတာ "

မြတ်ယွန်း သော်လေးနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ကာ လက်ထဲကထောပတ်သီးခြင်းအား စားပွဲပေါ်တင်လိုက်ပြီး

"ဟို.....သမီးတောင်းပန်ပါတယ်အန်တီနွယ်။ ဦးတို့ကိုမမြင်လိုက်မိလို့ပါ "

"ကိစ္စမရှိပါဘူးသမီးရဲ့ တမင်တကာလုပ်တာမှမဟုတ်တာ။သူ့ဘာသာဆေးခန်းမသွားဘူးပြောတာလေ။သမီးတာဝန်မဟုတ်တော့ဘူး သူ့အပြစ်ဖြစ်နေပြီ"

နှလုံးသားမှာ  ဆူးWhere stories live. Discover now