အပိုင်း -- ၂၉

16.6K 1.1K 76
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ဟာ...အဲ့ဒါဘာလုပ်တာလဲ "

ဒူးနာနေရာမှ အမူးသမားလက်ကလွတ်ရန်ထပြေးမည်ကြံလိုက်သော်လည်း ကုတင်ပေါ်ကနေ ကိုယ်ရှိရာကြမ်းပြင်ပေါ်ကို လှမ့်ဆင်းလိုက်သောမမကြောင့် သူမ မနာကျင်စေရန်ထိန်းထားလိုက်ရသည်။ကုတင်ကမမြင့်လို့တော်သေးတယ်ဟုသာ သော်လေးတွေးလိုက်ရ၏။

"ဘယ်ပြေးမလို့ကြံနေတာလဲ....မမက ဦးကိုကိုက်မစားပါဘူးနော် "

ကြမ်းပြင်ပေါ်ပက်လက်လှန်ကာ သော်လေးပေါင်ပေါ်ခေါင်းတင်၍ ဇိမ်ခံနေသောသူမကလျှာလေးအာလေးနှင့်မေးလာလေသည်။

"မူးနေတာမလား....အိပ်လိုက်တော့လေ "

သူကသာပြောနေပေမဲ့ ရီဝေဝေသူမမျက်ဝန်းများက သူ့ဆီမှအကြည့်လွှဲမသွားပေ။

"အိပ်တာလား...အိပ်ချင်တာပေါ့ အရမ်းကိုအိပ်ချင်တာ...ဒါပေမယ့်လေ...ကလေးသိရဲ့လား...မမလုံးဝအိပ်လို့မရဘူး...မမနှလုံးသားထဲမှာ မီးတွေတောက်နေတယ်"

(လုပ်ပြီ...အရက်သောက်ထားလို့ရင်ပူနေတာကို...နှလုံးသားထဲမီးတောက်တယ်ရှိသေး...ဒီဘွားတော်ကတော့လေ... )

သော်လေးကိုယ့်အတွေးနှင့်ကိုယ် သူမအားပြုံးကာကြည့်နေမိတော့ ရောက်ရှိလာသော မျက်စောင်းတစ်ချက်....။

"ဘာလဲ...ဘာကြည့်နေတာလဲ ကျေနပ်နေတာမဟုတ်ဘူးနော်...."

သော်လေးသူမအား မျက်ခုံးပင့်ပြလိုက်ပြီး

"ခင်ဗျားလေးကဘာကိုမကျေနပ်နေတာလဲ...တကယ်တမ်းမကျေနပ်ရမှာ ကျွန်မမဟုတ်ဘူးလား "

"သော်ဝတီဦး...."

"ပြောကြည့်.... "

"နင်ကလေ...ကလေးရှိသေးတာကို အတတ်ကောင်းတွေတတ်နေတာလား "

ပက်လက်ကနေ လက်ညှိုးတစ်ထိုးထိုးနှင့် ပြောနေသောသူမစကားများအား နားမလည်ပေမယ့်လည်း...သော်လေးဒီတိုင်းသာငြိမ်နေလိုက်သည်....။

"ဘာလို့ပြန်မဖြေတာလဲ...ငြိမ်နေတာဆိုတော့ဟုတ်နေတာလား "

"ဘာကိုလဲ...."

"ကလေးရှိသေးတာ အတတ်ကောင်းတွေတတ်နေတာလေ "

"ကျွန်မ ကလေးမဟုတ်တော့ဘူး...မမမြတ်ယွန်းလင်းငယ်...အတတ်ကတော့မျိုးစုံတတ်တယ် "

နှလုံးသားမှာ  ဆူးWhere stories live. Discover now