အပိုင်း -- ၄၀

13.9K 1K 84
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

"ဒေါက်တာ ဥာဏ်ပြည့်လျှံ...Operation Room 2 ကိုလာခဲ့ပေးပါ...ဒေါက်တာ ဥာဏ်ပြည့်လျှံ...Operation Room 2 ကိုလာခဲ့ပေးပါ..... "

ခွဲစိတ်ခန်းထဲရှိ reporter မှထွက်ပေါ်လာသည့်အသံကြောင့် operation လုပ်လက်စလူနာအား ဥာဏ်ပြည့်လျှံလက်စသတ်လိုက်ပြီး

"အပြီးသတ်လိုက်တော့နော် သော်လေး.....အခုလိုခေါ်တယ်ဆိုတော့ အရေးပေါ်လားမသိဘူး "

ဥာဏ်ပြည့်လျှံအား သော်လေးခေါင်းညိတ်ပြလိုက်ကာ.....

"ရတယ်ကိုဥာဏ် ညီမဆက်လုပ်လိုက်မယ် ကယ်တင်နိုင်ပါစေနော် "

"မျှော်လင့်ရတာပါပဲ အစ်ကိုသွားပြီနော် "

ဥာဏ်ပြည့်လျှံ ခွဲစိတ်ခန်းထဲမှထွက်သွားသည်နှင့် သော်လေး နှလုံးခွဲစိတ်သည့်လူနာအားလက်စသတ်လိုက်သည်။
ခွဲစိတ်ခန်းထဲကထွက်သည်နှင့် ရလဒ်ကောင်းကောင်းဆိုးဆိုး လူနာရှင်မိသားစုအားအသိပေးရသည်မှာ ဆရာဝန်များ၏တာဝန်ပင်ဖြစ်၏။
သော်လေးခွဲစိတ်ခန်းထဲမှထွက်လာသည်နှင့် စိုးရိမ်ပူပန်နေကြသောလူနာရှင်များက သူ့အနားကိုရောက်လာကာ အဓိကမေးခွန်းကိုမေးကြလေပြီ။

"ဒေါက်တာ အခြေအနေဘယ်လိုရှိလဲ....ခွဲစိတ်မှုအောင်မြင်တယ်မလားဟင်"

သော်လေးလူနာအခြေအနေအားပြောပြပြီးသည်နှင့် Locker ခန်းထဲသွားကာ Duty Coat ပြန်လဲလိုက်သည်။ထို့နောက် နာရီအားကြည့်လိုက်မိတော့ နေ့လယ်ဆယ့်နှစ်နာရီပင်မထိုးသေး ။

"ထင်ထားတာထက်စောသားပဲ မမနဲ့နေ့လယ်စာသွားစားရမယ် "

စိတ်ကူးလေးနှင့်အတူ မမရုံးခန်းရှိရာထွက်လာရင်း သူမဖုန်းကိုလည်းခေါ်နေမိသည်။
မျက်လုံးထဲဝင်လာသည့်မြင်ကွင်းတစ်ခုကြောင့် သော်လေး လျှောက်နေသောခြေလှမ်းများအားရပ်လိုက်မိသလို နားနားကပ်ကာ ခေါ်နေသည့်ဖုန်းလေးမှာလည်း အလိုလိုပြုတ်ကျသွားရသည်။

operation room 2 ရှေ့တွင်စိုးရိမ်ပူပန်စွာ ဂနာမငြိမ်ဖြစ်နေသည့်ထိုလူများက ဖုန်းပြုတ်ကျသည့်အသံကြောင့်ထင်သည် သူတို့အားလုံး၏ အကြည့်များကသော်လေးဆီရောက်လာကြသည်။
သော်လေး ကြမ်းပြင်ပေါ်ကျနေသည့်ဖုန်းအားကောက်ယူကာ ကတုန်ကယင်ဖြင့်အိတ်ကပ်ထဲထည့်လိုက်ပြီး

နှလုံးသားမှာ  ဆူးWhere stories live. Discover now