အပိုင်း -- ၃၃

16.5K 1K 81
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

ပုံမှန်အတိုင်း ဆေးရုံကိုရောက်လာပေမယ့် ဘေးနားက မမပါအတူရှိနေသောကြောင့် ခြေထောက်နှင့်ကြမ်းပြင်ထိသည်ဟုပင်မထင်။
သို့သော်လည်း သော်လေးကိုကွက်ကြည့်ကွက်ကြည့် ကြည့်သွားသောဝန်ထမ်းများကြောင့် ခြေလှမ်းတွေပင်မှားချင်လာရသည်။

"Morning ဒေါက်တာနဲ့ မမယွန်း "

"Morning ပါရှင့် "

"Morning ပါ ညီမလေး "

လာနှုတ်ဆက်သော Nurse တစ်ဦးအား သူမတို့နှစ်ယောက် အပြုံးများစွာဖြင့်ပြန်လည်နှုတ်ဆက်လိုက်သော်လည်း တစ်ခုခုပြောချင်နေသောသူ့ပုံစံကြောင့် သော်လေးသူ့အားမေးခွန်းထုတ်လိုက်မိသည်။

"ဘာပြောစရာရှိသေးလို့လဲဟင်...."

"ဒေါက်တာက အခုမှဆေးရုံကိုလာတာလား ဒါမှမဟုတ် အိမ်ကနေနောက်တစ်ခေါက်ပြန်ထွက်လာတာလား "

သူ့မေးခွန်းကြောင့် သော်လေးပင်ခေါင်းရှုပ်သွားရသည်။

"ကိုယ်အခုမှအိမ်ကနေလာတာပါ "

"အဲ့ဒါဆို ဒေါက်တာမသိသေးဘူးပေါ့ "

"ဘာကိုလဲ "

"ဒေါက်တာ့ချစ်သူ Heart Attack ဖြစ်လို့ မနေ့ညကဆေးရုံတင်ထားရတယ်လေ "

ချစ်သူဆိုသောစကားကြောင့် ဘေးနားတွင်ရပ်နေသော မမအားကြည့်လိုက်မိသော်လည်း သူပြောသည့်သူမှာ အိမ်သူဆိုတာ စဥ်းစားမိသွားရသည် ။

"အိမ်သူလား...."

"ဟုတ်တယ်လေဒေါက်တာ....မနေ့ညကအသည်းအသန်ပုံစံမျိုးနဲ့ရောက်လာတာ....ဆရာမကြီးကိုယ်တိုင်စမ်းသပ်လိုက်ရတာ "

"ဘယ်အခန်းမှာလဲ "

"VIP...101 မှာပါ ..."

သော်လေးမမလက်အားဆွဲ၍ ဓာတ်လှေကားထဲဝင်လာခဲ့လိုက်သည်။

"မမ...."

"မမနားလည်ပါတယ် ဒီလိုအချိန်မှာ သူ ဦးကိုလိုအပ်နေမှာပဲလေ....အခုချိန်ထိမမက ဦးနှလုံးသားကိုပဲပိုင်ဆိုင်ရသေးတာ လူသိရှင်ကြားပိုင်ရှင်က သူပဲလေ...အခုလိုအချိန်မှာတော့ လမ်းခွဲဖို့ကိစ္စကိုမပြောပါနဲ့ဦး...သူ့ဘက်ကအဆင်သင့်ဖြစ်သေးမှာမဟုတ်ဘူး...သူ ဦးကိုဘယ်လောက်ထိချစ်တယ်ဆိုတာ မမကမြင်နေရတယ်လေ "

နှလုံးသားမှာ  ဆူးWhere stories live. Discover now