အပိုင်း -- ၁၃

15.9K 1.1K 53
                                    

Unicode

ငါ့နှလုံးသားရေပြင်ဟာ
တခြားသူအတွက်ဆို
မုန်တိုင်းတိုက်တာတောင်မလှုပ်ခတ်ခဲ့ပေမယ့်
နင့်အတွက်ဆိုရင် လေတိုက်ရုံနဲ့ကို
ထိန်းမရအောင်လှုပ်ခါနေရပြီ။

========================

စာသင်ခန်းရှေ့တွင်ရပ်စောင့်နေသောထက်လွန်းအား သော်လေးပြေးဖက်လိုက်သည်။

"ဖြေးဖြေးလုပ်ပါဟ "

"ဘာဖြေးဖြေးလုပ်ပါလဲ။ ငါ့ကိုတစ်ယောက်တည်းစာသင်ခိုင်းတာ ဘယ်နှရက်ရှိနေပြီလဲ "

"ချစ်ဆုံးလေးကလည်း နှစ်ရက်တည်းရှိပါသေးတယ်။ ဝင်ရအောင်လေ စာသင်ခန်းထဲ "

သူရစ်မည်စိုးသောကြောင့် ထက်လွန်းကစာသင်ခန်းထဲပြေးလေပြီ ။
ရှေ့ဆုံးခုံတွင်ထိုင်ရန်ပြင်လိုက်သော်လည်း မနေ့ကနေရာမှာပင် အခန့်သားထိုင်နေသော ကောင်မလေးကြောင့် နောက်ခုံသို့သွားရန် ခြေလှမ်းပြင်လိုက်မိသည် ။

"ဒီခုံမှာပဲထိုင်လေ ယူရဲ့။ တို့တစ်ယောက်တည်းတင်ကို "

သော်လေးအားတစ်လှည့် ထိုကောင်မလေးအားတစ်လှည့်ကြည့်၍ ထက်လွန်းကသူမဘေးတွင်ဝင်ထိုင်လိုက်ပြီး သော်လေးအားခေါ်လိုက်သည်။

"သော်လေးကလည်း လာပါဟ။ရှေ့ဆုံးဆိုတော့ စာလိုက်ရတာအဆင်ပြေတာပေါ့ "

ထက်လွန်းအတင်းဆွဲသောကြောင့် ထိုခုံတွင်သော်လေးထိုင်လိုက်ရသည်။ သူမတို့နှစ်ယောက်ကြားထဲတွင်တော့ ထက်လွန်းသူရှိ၏။

"ငါ့နာမည်ကမောင့်ရွှေအိမ်သူပါ။နင်တို့နာမည်ကရော "

မကြားချင်ယောင်ဆောင်ကာ ဂိမ်းဆော့နေသောသော်လေးကြောင့် ထက်လွန်းကပင်

"ငါကထက်လွန်းသူပါ သူကတော့သော်ဝတီဦး "

သော်လေးက ထက်လွန်းအားမျက်စောင်းထိုးလိုက်သည်ကိုမြင်လိုက်သောကြောင့် အိမ်သူပြုံးလိုက်ကာ

"သော်ဝတီဦးတဲ့လား။ ထက်လွန်းသူရဲ့ သူငယ်ချင်းကအရမ်းချေတာနော်။ မနေ့ကငါကခင်ချင်တယ်ပြောတာတောင် သူကမလိုချင်ဘူးတဲ့လေ "

"ဖြန်း....."

လက်သွက်လှသောထက်လွန်းလက်ဝါးက သော်လေးကျောပေါ်ဖြန်းကနဲ။

နှလုံးသားမှာ  ဆူးWhere stories live. Discover now