အပိုင်း -- ၁၄

15.8K 1K 42
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

နင်ကအမုန်းတွေနဲ့ပြန်လာမယ်ဆိုတာ
သိပေမယ့်
ငါကတော့အပြုံးတွေနဲ့ပဲဆီးကြိုနေမှာပါ။

_______________________

"Hello မေမေ သမီးအတွက်ထောပတ်သီးမှည့်တာလေးတွေခူးထားပေးနော် "

"-------------------"

"ရန်ကုန်လာရင်ယူခဲ့ဖို့မဟုတ်ပါဘူး။
သမီးတောင်ကြီးကိုပြန်လာမလို့ "

"------------------"

"အန်တီချိုတို့ကိုမပြောနဲ့ဦးနော်။ကိုကိုနဲ့အတူတူလာမှာ "

"-------------------"

"ဟုတ်မေမေ။ရက်နီးမှသေချာပြန်ပြောပေးမယ်နော် "

"နင်တောင်ကြီးပြန်မလို့ဆို သော် "

"ဟဲ့ပလုတ်တုတ်။ ဖြေးဖြေးလုပ်ပါဟ "

ဖုန်းလေး call end နှိပ်ပြီးရုံရှိသေး အခန်းတံခါးအားဒုန်းခနဲဖွင့်ကာ ဝင်လာသောအိမ်သူ့ကြောင့် သော်လေးလန့်သွားရ၏ ။

ကုတင်ပေါ်ထိုင်နေသောသော်လေးဘေးတွင်ကပ်ထိုင်လိုက်ပြီး သော်လေးလက်မောင်းအားဖက်လိုက်ကာ သော်လေးပုခုံးပေါ်မေးတင်၍ သူမထိုင်လိုက်သည်။

"ဒီကိစ္စကို ဘယ်လိုလုပ်သိတာလဲအိမ်သူရယ်။ မြန်လိုက်တာ။ငါ့အိမ်ကသတင်းတွေကို နင်ကငါ့ထက်ပိုသိနေတယ်နော် "

မကြိုက်သလိုပြောနေမယ့် သူမအားပြုံးကြည့်ကာပြောနေသော သော့်အကြည့်တွေအောက်မှာ နှလုံးသားကရှော့ခ်ဖြစ်နေရပြီ ။

"ငါကဘယ်သူလဲ။ နင့်ရဲ့တစ်ဦးတည်းသောအိမ်သူပါ။နင်နဲ့ပတ်သက်သမျှငါအကုန်သိတယ် "

"နာမည်ကြီးကလည်းတင်စီးလိုက်တာဟာ "

"ဘာလဲ...ဒီနာမည်ပဲနင်အမြဲခေါ်ခဲ့တာမဟုတ်ဘူးလား "

အိမ်သူပြောနေရင်းနှင့်ပင် အကြည့်တို့က စားပွဲခုံပေါ်မှ သော်နှင့်ဟိုအမျိုးသမီးတွဲရိုက်ထားသောပုံကိုမြင်လိုက်ရသည့်အခါ ထိုင်နေရာမှထလိုက်မိ၏။

"ခြံထဲသွားမယ်။ ငါဒီအခန်းထဲမနေချင်ဘူး "

သော်လေးသိပါသည်။ အိမ်သူက သူတို့အိမ်လာတိုင်း သူ့အခန်းထဲမှာကြာကြာမနေ။ မမနှင့်တွဲရိုက်ထားသည့်ပုံကိုကြည့်မိလျင် အပြင်ပြန်ထွက်သွားတတ်တာပင်။

နှလုံးသားမှာ  ဆူးDonde viven las historias. Descúbrelo ahora