အပိုင်း-- ၂၁

16.3K 1.1K 143
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

အတ္တနဲ့ရွေးခဲ့ပေမယ့်
ကြောက်စိတ်နဲ့အဆုံးသတ်တယ်
မာနနဲ့ ရွဲ့ခဲ့ပေမယ့်
နာကြည်းခြင်းနဲ့အဆုံးသတ်ရပြန်တယ်....

=========================

အိမ်ပြန်လာတဲ့လမ်းတစ်လျောက်လုံး မြတ်ယွန်းသူ့မျက်နှာကိုမကြည့်ရဲ။ ဘုရားကနေထွက်လာကတည်းက သူဒေါသထွက်နေသည်ဆိုတာ မြတ်ယွန်းသိသည်။ အံကိုတင်းတင်းကြိတ်ထားသောကြောင့် မေးရိုးတွေပါထောင်နေသောသူက မြတ်ယွန်းကိုနောက်ဆုံးစကားတစ်ခွန်းပြောထား၏။

သူ အိမ်သူ့ကိုဖွင့်ပြောပြီး အိမ်သူလက်ခံတဲ့အခါ ဂုဏ်ပြုစကားပြောပေးနိုင်မလားတဲ့။ မြတ်ယွန်းရင်တွေကွဲကာ ပြိုလဲနေရပါပြီ။
ဒါကသူမရွေးချယ်မိခဲ့တဲ့လမ်းမို့ မြတ်ယွန်းနောက်မဆုတ်ချင်တော့ပါ။ နှလုံးသားက ကိုယ့်အတ္တကြောင့်နာကျင်နေရပေမယ့် မျက်ရည်မကျမိအောင်ထိန်းချုပ်နေရသည်။

"ကျွီ......."

ကားကိုအရှိန်ဖြင့်ခြံထဲမောင်းဝင်ကာ ဘရိတ်အုပ်လိုက်သောကြောင့် အသံပင်ထွက်သွားရသည်။ မြတ်ယွန်းသူ့ကိုကြည့်မိတော့ ဘာမှမဖြစ်သလိုပင်

"ဆင်းလေ မမမြတ်ယွန်းလင်းငယ် "

သူဖွင့်ပေးသောကားတံခါးကို မြတ်ယွန်းကြောင်ကြည့်နေမိသည် ။

"သော်ရယ် ကားကိုဘယ်လိုရပ်လိုက်တာလဲ။ ရင်တွေတောင်တုန်သွားတယ်။အသံကြီးကိုအကျယ်ကြီးပဲ "

တိုက်ထဲမှ ရင်ဘတ်လေးဖိကာထွက်လာသောအိမ်သူ့အား သော်လေးပြုံးကြည့်၍

"နည်းနည်းအရှိန်ပါသွားလို့ပါ အိမ်သူရဲ့"

"အစ်မမြတ်ယွန်း မဆင်းတော့ဘူးလား "

အိမ်သူပြောလိုက်မှပင် မြတ်ယွန်းအသိဝင်လာကာ

" သြော် အင်း "

သူဖွင့်ပေးထားသော ကားတံခါးကနေဆင်းကာ မြတ်ယွန်းတမံသလင်းပေါ်ခြေချလိုက်မိသည်နှင့် ဒူးတို့ကညွှတ်ခွေကာ မတ်တတ်ရပ်နေသောသူ့ရင်ခွင်ထဲ မှီလျက်ရောက်ရှိသွားရသည် ။

"ရရဲ့လား အစ်မမြတ်ယွန်း။စောစောကကားရပ်လိုက်တာကြောင့် လန့်သွားတာထင်တယ်။အိမ်သူရေသွားယူပေးမယ်နော် "

နှလုံးသားမှာ  ဆူးWhere stories live. Discover now