အပိုင်း -- ၁၀

17.2K 1.1K 65
                                    

Unicode

အနီးဆုံးမှာရှိနေချင်တာပါ
ဒါပေမယ့် ကြောက်ရွံ့စွာ
အဝေးဆုံးကိုထွက်ပြေးခဲ့မိတယ် ။

=======================

ဒီနေ့ သူမလေးတို့အိမ်ဘက်မှာ အဘွားနှင့်ဒေါ်လေးဆိုသူရောက်နေပြီ ။

အခုချိန်မှာ မြတ်ယွန်းသူတို့အိမ်ဘက်ကိုပြေးပြီးတော့ ကလေးကိုခေါ်မသွားဖို့ရာတောင်းဆိုချင်သည် ။
သို့ပေမယ့် မလုပ်ရဲဆုံးကလည်းထိုအရာပင်။
အရင်အခြေအနေမျိုးဆိုလျင် သေချာပေါက် သွားပြောရဲသည်ဆိုပေမယ့် အခုချိန်မှာ ကာယကံရှင်ကိုယ်တိုင်ကိုက သူမကိုစိတ်ဆိုးနေသည်မဟုတ်ပါလား။ သူမကိုဘာကိစ္စနဲ့ တားတာလဲဟုပြန်မေးလျင် ဖြေစရာအဖြေမရှိ။
တွေးမိလျင် ဝေးရမည်ဆိုတာကြီးကခြောက်လှန့်လာပြန်ပြီ။ ဧည့်ခန်းထဲတွင်ယောက်ယက်ခတ်ကာ ဟိုဟိုဒီဒီလျှောက်နေသည်မှာ ဘယ်နှခေါက်ရှိမှန်းပင်မသိတော့ ။

"သွားတွေ့ရင်တွေ့လိုက်ပါလား ငယ်လေး "

ဟုတ်သားပဲ။ ဧည့်ခန်းထဲမှာမေမေရောထိုင်နေတယ်ဆိုတာ မြတ်ယွန်းမေ့နေခဲ့တာ ဖေဖေကတော့ ကလေးတို့အိမ်ဘက်သွားတာပြန်မလာသေး။
သူမ မေမေ့ဘေးကြမ်းပြင်တွင်ထိုင်လိုက်ကာ

"ဘယ်လိုလုပ်သွားတွေ့ရဲမှာလဲ မေမေရယ်။ မနေ့ကတုန်းကတောင် မတွေ့ချင်ဘူးလို့ပြောလိုက်တာ "

"သွားမဲ့သူကသွားမှာပဲလေ။ သမီးကဒီလိုယောက်ယက်ခတ်နေတာနဲ့ အချိန်တွေကရပ်နေမှာမှမဟုတ်တာ "

သူမခေါင်းကုတ်ကာမတ်တပ်ထရပ်လိုက်မိပြန်သည်။

"မသိတော့ဘူးမေမေရာ။ ဒီဦးနှောက်ကလည်းဘာမှမထွက်တော့ဘူး "

"အခုမှပျာယာခတ်မနေနဲ့ငယ်လေး။
မေမေအစောကြီးကတည်းကမပြောခဲ့ဘူးလား။ကိုယ့်ဒေါသကိုယ်ထိန်း ကြာလာရင်တစ်ဖက်လူကသည်းမခံနိုင်ဖြစ်သွားနိုင်တယ်လို့လေ။ အခုတော့ဖြစ်ပြီမလား။ ဒီတစ်ခါတော့ သမီးလုပ်ရပ်ကတော်တော်လွန်သွားတယ်။ မေမေလည်းဒီအတိုင်းထိုင်ကြည့်ရုံကလွဲပြီးမတတ်နိုင်ဘူး "

စိတ်ပျက်သလိုပြောလာသောမေမေ့စကားကြောင့် အားတင်းထားသောစိတ်ကလေးကပြေလျော့ကာ မျက်ရည်ဝဲလာပြန်သည်။

နှလုံးသားမှာ  ဆူးWhere stories live. Discover now